မေမေအကြံပေး သင်တန်းကြီး


မေမေအကြံပေး သင်တန်းကြီး

မကြာခင် တက္ကသိုလ်တွေ ပြန်ဖွင့်တော့မည် ဖြစ်သည်။ ယခုမှ တက္ကသိုလ်စတက်ရမည့် သမီးဖြစ်သူအတွက် မိခင်ဖြစ်သူမှ လက်ချာကောင်းကောင်းပေးနေသည်မှာ သုံးလခန့်ပင် ရှိနေပြီဖြစ်သည်။

“ သမီးရေ၊ သမီးကို မေမေသင်ပေးနေတာ သုံးလနီးပါးရှိပြီနော်။ မေမေသင်ပေးတာတွေရော မှတ်မိရဲ့လား။ ဒီနေ့ဆို သင်ပေးနေတာတွေလဲ ကုန်သလောက်ရှိပြီ ”

“ ဟုတ်ကဲ့ မှတ်မိပါတယ်မေမေ”

“ ဒါဆို ကိုယ့်ကို တစ်ခန်းလုံး အာရုံစိုက်ခံရအောင် ပထမအဆင့်မှာ ဘာလုပ်ရမလဲ ပြောစမ်း သမီး ”

“ ကျောင်းခန်းဝင်ရင် ဆရာမ စာသင်နေမှ ရှေ့ဆုံးပေါက်က ခွင့်တောင်းပြီး ဝင်ရပါမယ်မေမေ၊ ဒါမှ တစ်ခန်းလုံး အာရုံစိုက်မိမှာပါ၊ နောက် ဒုတိယအဆင့်က … ”

“ အေးအေး ဟုတ်ပြီ၊ တော်ပြီ။ ကျောင်းကဲန်တင်းမှာ ထိုင်ရင်ရော ဘယ်လိုပြုမူရမလဲ ”

“ ဟာ မေမေကလည်း၊ သမီး အားလုံး မှတ်မိပါတယ်ဆို။ သမီး မသိတာတစ်ခုကို မေးလို့ရမလား ”

“ အေးအေး… မေး ”

“ မေမေပြောတဲ့အချက်တွေနဲ့ သိပ်ကို ပြည့်စုံနေတဲ့ ကျောင်းသားတစ်ယောက်ကို တွေ့ပြီဆိုတာနဲ့ သမီး ဘာလုပ်ရမလဲ ”

“ အေး၊ သမီးလုပ်ရမှာက အားပေးအားမြှောက်မှုပေါ့ သမီးရယ်၊ သိတယ် မဟုတ်လား။ အဟင်းဟင်း … ”

            ထိုနေ့တွင်ပင် ကျွန်တော်တို့ရပ်ကွက်ထဲရှိ အကြံပေးမေမေ၏ “ မေမေအကြံပေး သင်တန်းကြီး ” အောင်မြင်စွာ ပြီးဆုံးသွားကြောင်း သိလိုက်ရပါသည်။ သင်တန်းဆင်း ကျောင်းသူလေး၏ အစွမ်းအစနှင့် သင်ခန်းစာကျေပွန်မှု၊ အိမ်စာလုပ်မှုတို့ကို တက္ကသိုလ်များဖွင့်လျှင် ကျွန်တော်တို့ တွေ့ခွင့်ရနိုင်ပါလိမ့်မည်။ သို့သော် …။ ထိုသို့သော်ကို နောင်များကျမှ ကျွန်တော် ဆက်ရေးပြပါတော့မည်။ ယခုချက်ခြင်း သိလိုပါလျှင် လက်ဖက်ရည်တိုက်၍ မေးမြန်းနိုင်ပါသည်။

ရှဉ့်ညိုလေး

(၁၆.၁၂.၂၀၂၁ ည ၇ နာရီ ၁၁ မိနစ်)

 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း