စာအုပ်တစ်အုပ်အကြောင်း
ကျွန်တော် (၂၀၀၈) ခုနှစ်တွင် စာ စရေးပါသည်။
ပထမဆုံး ရေးသည့် ဝတ္ထုတိုမှာ အသဲကွဲရာသီ ဖြစ်၍ ရေးသည်မှ (၈)နှစ်အကြာ (၂၀၁၆ ဂျူလိုင်လထုတ်
မဟေသီ) တွင် ပုံနှိပ်ခံရပါသည်။ ပြောလိုသည်က စည်းမျဉ်းစည်းကမ်းများ၊ ရေးထုံးရေးနည်းများကို
မသိနားမလည်ဘဲ ရေးချင်စိတ်သက်သက်ဖြင့် ရေးခဲ့ခြင်း ဖြစ်သည်။
ကျွန်တော်ရေးလိုသည်က လုံးချင်းဟာသ ဖြစ်သည်။ ထိုသို့စာရေးချင်သည့်အကြောင်းကို
(၂၀၀၆)ခုနှစ်ကတည်းက ခင်ခဲ့ရသည့် စာရေးဆရာ ညီဘွား၏နှမ မမအေးကို အကြောင်းတိုက်ဆိုင်၍
ပြောပြမိသည်။ ထိုအချိန်တွင် ဆရာညီဘွားဆုံးသည်မှာ (၂)နှစ်ခန့်ရှိပြီထင်ပါသည်။ မမအေးက
အကြံပေးသည်။ ဝတ္ထုရှည်မရေးသေးဘဲ ဝတ္ထုတိုလေးတွေ အရင်ရေးကြည့်သင့်ကြောင်းပင် ဖြစ်သည်။
ထို့ကြောင့် ဝတ္ထုတိုကို စရေးဖြစ်ခဲ့ခြင်း ဖြစ်သည်။
ရေးထုံးရေးနည်း၊ စည်းမျဉ်းစည်းကမ်း နားမလည်ဘဲ ရေးခဲ့မိသည့်
ဝတ္ထုတိုလေးပြီးသွားသောအခါတွင် ခံစားရသည့် ခံစားချက်က တော်တော်လေး ကျေနပ်စရာ ကောင်းပါသည်။
ဖြစ်သွားပြီ၊ စာတစ်ပုဒ်အဖြစ်ရှိသွားပြီဆိုသော ခံစားချက်ဖြစ်သည်။ သဒ္ဒါစည်းကမ်း၊ စာစည်းကမ်းနားမလည်ဘဲနဲ့
ရေးခဲ့သည့်ဟု ပြောရခြင်းမှာ စာရေးနည်းစာအုပ်များ၊ လမ်းညွှန်ချက်များကို ပုန်ကန်လို၍
မဟုတ်ဘဲ ကျွန်တော်နားလည်သလို၊ ခံစားရသလို ရေးခဲ့ခြင်းဟု ဝန်ခံလိုခြင်း ဖြစ်သည်။ ထို့နောက်တွင်မှ
နှမအငယ် ငှားလာသည့် မှုခင်းမဂ္ဂဇင်းတစ်ခုမှ ဆရာအောင်လင်း၏ စာဘယ်လိုရေးမလဲ…စာရေးချင်သူများသို့
ဆိုသော ဆောင်းပါးကို ဖတ်ခဲ့ရသည်။
စာရေးစာဖတ် ဝါသနာပါသည့် ကိုမျိုးဇော်(ကံထူးကံသာ
ထမင်းဆိုင်) ပိုင်ရှင်ထံမှ စာပေနှင့် ပတ်သက်သည့် စာအုပ်အတော်များများကို ဖတ်ခွင့်ရသည်။
ဆရာမောင်ခင်မင်(ဓနုဖြူ)၏ စကားပြေ သဘောတရား၊ စကားပြေ အတတ်ပညာဆိုသော စာအုပ်ကို ကိုမျိုးဇော်၏
ကျေးဇူးဖြင့် ဖတ်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ထိုစာအုပ်ကို လိုချင်သည်။ အပိုင်သိမ်းထားရမည့်
စာအုပ်ဟုလည်း နှလုံးသွင်းမိသည်။ စာအုပ်ဆိုင်များတွင် လိုက်ရှာသည်။ ထိုအချိန်က စာအုပ်ဆိုင်ရှိ
အရောင်းစာရေးမလေးတချို့သည် ဆရာမောင်ခင်မင်(ဓနုဖြူ)ကို မသိကြ။ မေးလိုက်တိုင်း မသိ၊ မရှိက
များနေသည်။ သူတို့သိသည်က ဆွေမင်း(ဓနုဖြူ)ဖြစ်သည်။ ဓနုဖြူ ဒေါ်စောရီဖြစ်သည်။ သို့နှင့်
သူငယ်ချင်း ကဗျာဆရာ ဒေါင်းနီ၏ အဖေ၊ တစ်ချိန်က မှုခင်းမဂ္ဂဇင်းများတွင်ရေးခဲ့သည့် စာရေးဆရာ
ထိန်လှိုင်ဦး ရန်ကုန်သွားသည့်အခေါက်တွင် မှာလိုက်သည်။
ရပါသည်။ ကျွန်တော်လိုချင်သည့် စာအုပ်လေးသည်
ထိုအချိန်က (၃၅၀၀/)ပေးရသည်။ သိပ်မကြာမီပင် မုံရွာမြို့ရှိ စာအုပ်ဆိုင်ကြီးများတွင်
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသည့် ပုံမှန်ဆိုဒ်ထက် အနည်းငယ်ကြီးသော စာအုပ်အဖြစ်ထွက်လာသည်။
ဈေးနှုန်းမှာ (၂၅၀၀/) ဖြစ်သည်။ ကျွန်တော် စာအုပ်ဝယ်မရခင်စပ်ကြားတွင် ကံထူးကံသာထမင်းဆိုင်ပိုင်ရှင်
ကိုမျိုးဇော်ထံမှ စကားပြေသဘောတရား စာအုပ်ကို အချိန်ယူ၍ ဖတ်သည်။ စာအုပ်ကို နှမျောလွန်း၍
စာအုပ်ချုပ်သည့်ဆိုင်တွင် သားရေတုဖြင့် ကတ္ထူဖုံးပြီးမှ ဖတ်ခဲ့ခြင်းဖြစ်သည်။ စာအုပ်ကို
အချိန်ပေးဝေမျှခဲ့သည့် ကိုမျိုးဇော်ကိုလည်း ကျေးဇူးတင်ရပါသည်။
ယခုအခါတွင် ထိုစာအုပ်နှင့်ပတ်သက်သည့်
ထုတ်ဝေမှုအကြောင်း အွန်လိုင်းတွင်တွေ့၍ ပြန်လည်ဝေမျှလိုက်ပါသည်။ မည်သည့် ပေ့ခ်ျ၊ မည်သည့်
ဘလော့မှ ကူးယူမိသည်ကို မှတ်မထားမိ၍ မူလတင်ပေးသူ ဖော်မပြနိုင်ခြင်းကို ခွင့်လွှတ်စေချင်ပါသည်။
မူလတင်ပေးသူကို (Credit)ပေးပါသည်။ ကျေးဇူးလည်း တင်ပါသည်။ ကျွန်တော်ချစ်သောသူငယ်ချင်းများ
ဖတ်စေလို၍ ပြန်ရှယ်လိုက်ခြင်း ဖြစ်ပါသည်။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၁၃.၉.၂၀၁၆
ည ၁၀း၅၂မိနစ်)
စကားပြေသဘောတရား စကားပြေအတတ်ပညာ=မောင်ခင်မင်(ဓနုဖြူ)
”ကျွန်တော့်စာတွေကို စာနယ်ဇင်း အယ်ဒီတာတွေက
သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေ ထဲ ထည့်ပေးကြလို့ ကျွန်တော့် လက်ရေးတွေဟာ ပုံနှိပ်စာလုံး
ကလေးတွေအဖြစ် အသွင်ပြောင်း လာရပါတယ်။ အဲဒီလိုပါပဲ။ ကျွန်တော့်စာတွေကို ထုတ်ဝေသူ တွေက
ခင်ရာမင်ကြောင်း ပုံနှိပ် ထုတ်ဝေပေးကြလို့ စာအုပ်ကလေး တွေ ဖြစ်လာရပါတယ်။ ဒါကြောင့်
အယ်ဒီတာတွေ၊ ထုတ်ဝေသူတွေ ကို ကျွန်တော် အမြဲတမ်း ကျေးဇူး တင်နေပါတယ်”
စာပေပွဲတစ်ခုတွင် အထက်ပါ စကားမျိုး
ကျွန်တော် အမှတ်တရ ပြောခဲ့ပါသည်။ ထိုစကားနှင့် ဆက် စပ်ပြီး ကျွန်တော့် စာအုပ်များကို
ထုတ်ဝေပေးခဲ့သော ထုတ်ဝေသူ များအကြောင်းကို အတွေးမျှင် တန်းမိပါသည်။
ကျွန်တော့် ပထမစာအုပ် ဖြစ် သော ‘စကားပြေသဘောတရား၊
စကားပြေအတတ်ပညာ’ စာအုပ် ဖြစ်လာရပုံနှင့်ပတ်သက်၍ အမှတ် ထင်ထင် ပြောစရာကလေးများ ရှိပါသည်။
(၁၉၇၉) ခုနှစ်မှာ ပထမ ဆုံး စတင်ထုတ်ဝေသည်ဆိုတော့ ယခုဆိုလျှင် နှစ် (၃ဝ) ကျော် (၄ဝ)
နီးပါးရှိပါပြီ။
ထိုအချိန်က ကျွန်တော်သည် (ရန်ကုန်)
ပညာရေးတက္ကသိုလ် မြန်မာစာဌာနမှာ အမှုထမ်းနေပါ သည်။ ကျောင်းသားတွေကို စကားပြေသင်ကြားပေးရင်း
စကား ပြေ သဘောတရားနှင့် နည်းနာ နိဿယများကို အချိန်ယူ၍ လေ့လာဖြစ်ခဲ့သည်။ ဆရာဇော်ဂျီ
၏လမ်းညွှန်ချက်အရ (C.Brooks) နှင့်(R.P. Warren) တို့၏(Fundamen tals of Good
Writing) စာအုပ်ကို အစမှအဆုံး လေ့လာဖြစ်သည်ကစ၍ အလားတူ စာအုပ်တော်တော်များများကို လေ့လာဖြစ်ခဲ့သည်။
(၁ဝ) နှစ်ကျော်ကျော် လေ့လာပြီးသောအခါ
စကားပြေသဘောတရား နည်းနာများအကြောင်း စာအုပ်တစ်အုပ် စမ်းရေးချင်စိတ် ပေါ်လာသည်။ လေ့လာထားသော သဘောတရား အခြေခံများကို အသုံးပြုပြီး မြန်မာ စကားပြေများမှ သဘောတရား နည်းနာများ ထုတ်ကြည့်လိုခြင်း ဖြစ်သည်။ ဖတ်ထားသော အင်္ဂလိပ် စာအုပ်များကို ဘာသာပြန်ခြင်းမျိုး မဟုတ်ဘဲ သဘောတရား နည်းနာ ကိုသာယူပြီး မြန်မာလိုပီပီသသ ရေးနိုင်ဖို့ အလေးအနက်ထား သည်။ သို့ဖြင့် (၁၉၇၆) ခုနှစ်မှာ စာအုပ်ကို စရေးပါသည်။
စကားပြေသဘောတရား နည်းနာများအကြောင်း စာအုပ်တစ်အုပ် စမ်းရေးချင်စိတ် ပေါ်လာသည်။ လေ့လာထားသော သဘောတရား အခြေခံများကို အသုံးပြုပြီး မြန်မာ စကားပြေများမှ သဘောတရား နည်းနာများ ထုတ်ကြည့်လိုခြင်း ဖြစ်သည်။ ဖတ်ထားသော အင်္ဂလိပ် စာအုပ်များကို ဘာသာပြန်ခြင်းမျိုး မဟုတ်ဘဲ သဘောတရား နည်းနာ ကိုသာယူပြီး မြန်မာလိုပီပီသသ ရေးနိုင်ဖို့ အလေးအနက်ထား သည်။ သို့ဖြင့် (၁၉၇၆) ခုနှစ်မှာ စာအုပ်ကို စရေးပါသည်။
အဆင်ပြေသည့် အချက်မှာ ပညာရေးတက္ကသိုလ်
မြန်မာစာ ဌာန စာကြည့်တိုက်တွင် ကိုးကား စရာ စာအုပ်စာတမ်းများစွာ ရှိခြင်း ဖြစ်သည်။
စားပွဲမှာ ထိုင်ရေးရင်း ကိုးကားစရာပေါ်သည့်အခါ အခန်းပတ်လည်က စာအုပ်ဗီရိုများ ကိုဖွင့်ပြီး
လိုချင်သည့်စာအုပ်ကိုအလွယ်တကူ ရှာနိုင်သည်။ စာအုပ်တွေ ထရှာလိုက်၊ ထိုင်ရေး လိုက် လုပ်နေသော
ကျွန်တော့်ကို ကျွန်တော်တို့ ဌာနမှူး ဆရာမကြီး ဒေါ်စီစီဝင်းက သတိထားမိသည့် အတွက်
‘ဘာတွေလုပ်နေသလဲ’
ဟု ကျွန်တော့်ကို မေးသည်။
ကျွန်တော်က စာအုပ်ရေးသည့် အကြောင်း
ပြောပြသောအခါ ဆရာမကြီးက
‘ကောင်းတယ်၊ ပြီး အောင်ရေး’
ဟု ဝမ်းသာအားရ အားပေးပါသည်။ (၁၉၇၆)
ခု မကုန်မီမှာပင် ရေးပြီးသည့်အတွက် ပညာရေးတက္ကသိုလ်က လက်နှိပ်စက် စာရေး ဒေါ်လှကြည်ထံမှာ
လက်နှိပ်စက်ရိုက်ပေးဖို့ အပ်လိုက် သည်။ စာမျက်နှာ (၃ဝဝ) ကျော် ဆိုတော့ တစ်မျက်နှာ (၁)
ကျပ်နှုန်း နှင့် ရိုက်ခ (၃ဝဝ) ကျော်ကျသည်။ စာအုပ်ကလေး ပြီးသွားပါပြီ။ လက်နှိပ်စက်မူ
(၃) မူ ရိုက်ထား သည်။
တက္ကသိုလ်က ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနမှာ
ဆရာ မင်းကျော်နှင့် ဆရာတင်မိုးတို့ ရှိသည်။ ကျွန်တော်နှင့် ခင်မင် သည်။ သူတို့ကို စာမူပြလိုက်တော့
ဆရာမင်းကျော်က
”ကောင်းတယ်၊ ခင်ဗျားစာအုပ် ပုံနှိပ်ဖြစ်အောင်
လုပ်”
ဟု ပြောသည်။ ကိုတင်မိုးက
”ကျွန်တော် ထုတ်ဝေသူနဲ့ ဆက် ပေးမယ်”
ဟု ဝမ်းသာအားရ ပြောပြီး ကျွန်တော့်စာမူကို
ချင်းတွင်း စာအုပ်တိုက်သို့ ပို့ပေးသည်။
(၁၉၇၇) ခုနှစ် တစ်ဝက်ကျော် သည်အထိ စာမူက
အကြောင်း မထူးသေး။ ထိုအချိန်တွင် ကျွန် တော်နယ်ပြောင်းဖို့ အမိန့်ထွက် လာသည်။ ကိုတင်မိုးက
ကျွန်တော့် ကို အားနာနေသည်။
”ခင်ဗျား စာ မူ ပြန်ယူလိုက်ဗျာ။ ကျွန်တော် ထုတ်ဝေသူ
ထပ်ရှာပေးမယ်”
ဟု ပြောသည်။ ချင်းတွင်းတိုက် ရောက်တော့
ဦးသိန်းလွင်က
”ကျွန်တော်တို့ ထုတ်ဖို့ အစီအစဉ်
မရှိသေးပါဘူး”
ဟု ပြောပြီး ကျွန် တော့်စာမူကို ပြန်ပေးလိုက်သည်။
ကျွန်တော် နယ်မပြောင်းမီ ကျွန်တော့်ဆရာ၊
ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် မြန်မာစာဌာနမှူး၊ ဆရာဦးမြင့်ကြည်ကို သွားနှုတ် ဆက်ရင်း
ကျွန်တော့်စာမူကို ပြ လိုက် သည်။ ဆရာက ဖတ်ကြည့် ချင်တယ်ဟု ဆိုပြီး ယူထားလိုက်
သည်။ လေးငါးရက် အကြာမှာ ကျွန်တော့်ကို ခေါ်တွေ့သည်။
”မင်း စာအုပ်ကို ဆရာတို့ မြန်မာ စာ
အသင်းက ထုတ်ပေးမယ်”
ဟု ဝမ်းသာအားရ ပြောသည်။
”စာမူ ခတော့ များများပေးနိုင်မှာ မဟုတ်
ဘူး”
ဟုလည်း ပြောသည်။ ကျွန် တော်က
”ကိစ္စမရှိပါဘူးဆရာရယ်၊ စာအုပ်ဖြစ်ရင်
ကျေနပ်ပါပြီ၊ ကျေး ဇူးလည်းတင်ပါတယ်”
ဟု ပြောခဲ့ သည်။ မကြာမီ မြန်မာစာအသင်း အမှုဆောင်
အစည်းအဝေးမှာ ကျွန်တော့်စာအုပ် ထုတ်ဖို့ ဆုံးဖြတ်သည်။ လောလောဆယ် စာမူခ (၅ဝဝ) ကျပ် ပေးမည်။
စာအုပ်ထွက် ၍ ရောင်းပြီး အမြတ်ငွေ၏ (၄ဝ) ရာခိုင်နှုန်း ထပ်ပေးမည်ဟု ဆုံး ဖြတ်ကြောင်း
သိရသည်။ ဆရာ ဦးမြင့်ကြည်က
”စာမူခ (၅ဝဝ) ကျပ် ဆိုတာ လက်နှိပ်စက်ရိုက်ခလောက်ပဲ
ရှိတယ်ဆိုတာသိပါတယ်။ အသင်းက ဒီလောက်ပဲ ပေးနိုင်လို့ပါ”
ဟု ပြောသည်။ စာအုပ်ထွက် မည်ဆို၍ ကျွန်တော်
ဝမ်းသာသွား ပါသည်။
ကျွန်တော်က တက္ကသိုလ်ဝန်ထမ်း ဖြစ်နေသည့်အတွက်
ကျွန်တော့်စာမူကို ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်စာပေနှင့် အနုပညာ စိစစ်ရေးအဖွဲ့သို့
တင်ပြရသည်။ စာမူကတော်တော်နှင့် ပြန်ကျ မလာ။ ဌာနက အကျိုးအကြောင်းပြော၍ ကျွန်တော်နယ်မှ
ပြန်လာတုန်း သွားမေးတော့မှ စာမူကို ချပေးသည်။ ထိုမျှနှင့် မပြီးသေး။ အဆင့်မြင့် ပညာဦးစီးဌာန၏
စာပေစိစစ်ရေးအဖွဲ့သို့ ဆက်တင်ရ သည်။ ထိုအဖွဲ့ဥက္ကဋ္ဌက ပညာရေး တက္ကသိုလ်မြန်မာစာ ဌာနမှူး၊
ဆရာဦးဘိုသင်း ဖြစ်သည်။ ဆရာ က
”ခင်ဗျားစာအုပ်က ပညာရပ် ဆိုင်ရာရေးတာပဲ။
ဘာမှစိစစ်စရာ မရှိဘူး”
ဟုပြောပြီး
ချက်ချင်းပြန် ချပေးသည်။ စာအုပ်ပုံနှိပ်၍ ရပါ ပြီ။ ဆရာနှင့်အဖွဲ့ကို များစွာ ကျေးဇူးတင်ရပါသည်။
ဤနေရာမှာ အမှတ်တရ ကလေးတစ်ခု ကြုံသေးသည်။
အဆင့်မြင့်ပညာဦးစီးဌာန၊ စိစစ် ရေးကို မိတ္တူ နှစ်စောင် တင်ရ သည်။ တစ်စောင်ကို ပုံနှိပ်တိုက်သို့
ပို့ပေးရသည်။ ဆရာဦးမြင့်ကြည် ကို ပေးထားသော မိတ္တူမှာ ပျောက် ခြင်းမလှ ပျောက်သွားသည်။
ဘယ် မှာမှ ရှာမတွေ့။ ဆရာဦးဘိုသင်းကို ပြောပြတော့
”ရပါတယ်ဗျာ။နောက်ေ တွ့တော့မှ တစ်စောင်
ပေးပေါ့”
ဟု ပြောပြီး တစ်စောင်ကို လက်ခံထားလိုက်သည်။
စာအုပ်ပုံနှိပ်ပြီး တော်တော် ကြာတော့မှ
အကျိုးအကြောင်း သိရသည်။ ထိုအချိန်က မေမြို့ (ပြင်ဦးလွင်) စစ်တက္ကသိုလ်မှာ မြန်မာစာဌာနမှူး
အဖြစ် ဆောင် ရွက်နေသော ဒုဗိုလ်မှူးကြီး တင်ခ (တက္ကသိုလ်တင်ခ) က ဆရာဦး မြင့်ကြည်ဆီမှာ
ကျွန်တော့်စာမူ ကို တွေ့သည့်အတွက် ဖတ်ကြည့်ပြီး သဘောကျသွားသည့်အတွက် သူ့ တက္ကသိုလ်သို့
ယူသွားပြီး သူ့ တပည့်သင်တန်းသားများကို ထိုစာ မူဖြင့် စတင်သင်ကြားပေးကြောင်း ပြောပြသည်။
ထိုအခါကျမှ စာမူ ပျောက်သည့် ပြဿနာရှင်းသွား ပါသည်။
"ခင်ဗျားစာအုပ်ကို ပုံမနှိပ် ခင်ကတည်းက
ကျွန်တော်က စစ် တက္ကသိုလ်မှာ သင်ပေးနေတာဗျ”
ဟု ဆရာဦးတင်ခက ရှေးဟောင်း နှောင်းဖြစ်
ပြောပြလေ့ရှိပါသည်။ ဆရာဦးတင်ခကိုလည်း ကျေးဇူး တင်နေပါသည်။
စာအုပ်ပုံနှိပ်တော့ အထောက် တော်ဦးလှအောင်၏
သတင်းဂျာ နယ်တိုက်မှာပုံနှိပ်သည်။ မြန်မာစာ ဌာနမှ ဆရာဦးချစ်ဖေ (ဗိုလ်တ ထောင် ကောလိပ်ကျောင်းအုပ်ကြီး၊
ငြိမ်း၊ ကွယ်လွန်)က အသင်း၏ ထုတ်ဝေသူအဖြစ် ဆောင်ရွက်နေ ချိန်ဖြစ်၍ ကျွန်တော့်စာမူကို
ပုံနှိပ်တိုက်မှာ ပရုဖတ်ပေးသည်။ ပြင် ဆင်တည်းဖြတ်ပေးသည်။ ကျွန် တော် လည်း နယ်မှ ပြန်လာသည့်
အခါ ဆရာနှင့်အတူ ပရုဖတ်ပေး ပါသည်။ သို့ဖြင့် ၁၉၇၉ ခုနှစ်ဆန်း ဇန်နဝါရီလတွင် ကျွန်တော်၏
ပထမဆုံးစာအုပ်ဖြစ်သော စကား ပြေ သဘောတရား စကားပြေ အတတ်ပညာ’ စာအုပ်ကို အောင် အောင်မြင်မြင်
သွားပြင်လိုက်ပါ တော့သည်။ စာအုပ် ၂ဝဝဝ ရိုက် ပြီး ရောင်းဈေးမှာ (၁၂) ကျပ်ဖြစ် သည်။
ကျွန်တော့် ပထမဆုံး စာအုပ်ကို ပုံနှိပ်စာလုံးကလေးများဖြင့် မြင်ရသည့်အတွက် ခံစားရသော
ပီတိမှာ ပြော၍မပြနိုင်လောက် အောင်ပင် ဖြစ်ပါသည်။
စာအုပ်ထွက်လာတော့ အသံ အမျိုးမျိုး ကြားရသည်။
ဆရာ တိုက်စိုးက
”ခင်ဗျားစာအုပ်ကောင်း တယ်ဗျ”
ဟု ခပ်တိုတိုမှတ်ချက် ချသည်။ ဆရာတက်တိုးက
”မင်း စာအုပ်ကောင်းတယ်ကွ၊ ဆက်ရေး”
ဟု တိုက်တွန်းသည်။ အရှေ့တိုင်း ပါမောက္ခ
ဆရာဦးတင့်လွင်က
”ခင်ဗျားစာအုပ်ကို
မြန်မာစာ သင်ကြားရေး အဖွဲ့အစည်းအဝေးမှာဝေတော့ လူကြီးတွေက သဘောကျကြပါတယ်ဗျာ”
ဟု ပြောသည်။ ဆရာဇော်ဂျီနှင့် ဆရာမင်း သုဝဏ်ကို ကျွန်တော့်
စာအုပ်ဖြင့် ကန်တော့သည်။ ဆရာတို့က
”ကောင်းပါတယ်ကွာ။
တို့ မလုပ်ဖြစ်တာကို သူလုပ်တာပဲ”
ဟု
မှတ်ချက်ချကြောင်း ဆရာ တက္ကသိုလ် မင်းမော်က ကျွန်တော့် ကို ပြန်ပြောပြပါသည်။
စာအုပ်ရေးနေတုန်းက ‘ဖြစ်မှ ဖြစ်ပါ့မလား’
ဟု မဝံ့မရဲ ဖြစ်သော် လည်း ယခုဆရာများက အားပေး စကားပြောသောအခါ ကျွန်တော် အားတက်သွားပါသည်။စာအုပ်ထွက်
ထွက်ချင်း ဆရာ ဦးကြီးမောင် (ငွေဥဒေါင်း) က ကြေးမုံသတင်းစာ၏ ‘စာကြေးမုံ’ အခန်းမှာ ကျွန်တော့်စာအုပ်ကို
မိတ်ဆက်ပေးသည်။ စကားပြေ အရေးအသား စာအုပ်ေ ပ်ါထွက် လာ၍ ဝမ်းသာကြောင်း၊ ‘စာကြေး မုံ’ အခန်းမှာ
ရေးထားကြောင်း လည်း ကျွန်တော့်ဆီ စာရေးပါ သည်။ နိုင်ပြည်သူက ‘လုပ်သား ပြည်သူ့နေ့စဉ်သတင်း
စာမှာေ ဝဖန် ချက်ရေးသည်။ ဆရာဒဂုန် တာရာက ‘ဗညားသီဟ’ ကလောင် အမည်ဖြင့် မိုးဝေမဂ္ဂဇင်းမှာ
‘စာ ပေစစ်တမ်း’ ကဏ္ဍတွင် ‘စာပေ ဓာတ်ခွဲခန်းထဲက အသီးအပွင့်တစ် ခု’ ခေါင်းစဉ်ဖြင့် သုံးသပ်သည်။
ကျွန်တော့်ပထမဆုံး ထုတ် ဝေသူဖြစ်သော
‘ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မြန်မာစာ အသင်း’ ကလည်း တာဝန်ကျေပါသည်။ အစည်းအဝေးဆုံးဖြတ်ချက်
အတိုင်း အမြတ်ငွေ၏ ၄ဝ ရာခိုင် နှုန်း ကျွန်တော့်ကို ချီးမြှင့်ပါသည်။ ယခုဆိုလျှင် ထိုစာအုပ်ကလေး
ပြန်ရိုက်ရသည်မှာ (၇) ကြိမ်ရှိပါ ပြီ။
စာရေးသူတစ်ယောက်၏
ပထမဆုံး စာအုပ်ပေါ် ထွက်လာပုံနှင့် ထုတ်ဝေသူ၏ ကျေးဇူးအကြောင်း အတွေးမျှင်တန်းမိခြင်း
ပါ။
မောင်ခင်မင်
(ဓနုဖြူ)
Comments
Post a Comment