မောင်ဖား၊ မောင်ဖွား၊ မောင်ဘွား
မောင်ဖား၊ မောင်ဖွား၊ မောင်ဘွား
စာရေးသူ=မောင်ခင်မင်(ဓနုဖြူ )
“ ဦးလေးရေ၊ မေးစရာတစ်ခုပေါ်လာလို့”
“ဘာများမေးစရာပေါ်လာလို့လဲငါ့ တူရဲ့”
“သတင်းစာထဲက စာလုံးတစ်လုံးပါ။ ပထမတော့ ပုံနှိပ်မှားတယ်ထင်တာ။ ဒါပေမယ့် အဲဒီစာလုံးက တစ်ခါမကပါနေတော့ ပုံနှိပ်မှားတာလား ၊ ရေးတဲ့သူကပဲ မှားရေးတာလား၊ စာလုံးက မှန်နေတာကို ကျွန်တော်ကပဲ မှားတယ် ထင်နေတာလား၊ မသဲမကွဲ ဖြစ်နေလို့ပါ”
“ဟ... မင်းမေးခွန်းတွေကလည်း များလှချည်လား။ ဘယ်စာလုံးလဲကွ”
“မောင်ဖားဆိုတဲ့စကားလုံးပါ။ ဟိုနေ့ကပဲ သတင်းစာထဲမှာပါသေးတယ်”
“မင်းကဘယ်လိုထင်လို့လဲ”
“ကျွန်တော်က ‘မောင်ဖွား’ လို့ သုံးတာအမှန်လို့ထင်တာ။ ‘မောင်ဖား’ ဆိုတော့ ပုံနှိပ်မှားတာလား၊ မှားရေး တာလား၊ တစ်ခုခုပဲလို့တွေးမိတာပေါ့။ ဒါပေမယ့် တစ်နေရာတည်းမဟုတ်ဘဲ ‘မောင်ဖား’ လို့ထပ်တွေ့ ရတော့ မှားသလား မှန်သလား သေသေချာချာ မသိလို့ ဦးလေးကိုမေးတာပါ”
“ဟုတ်ပါပြီ။ အများအားဖြင့်တော့ ပြောကြဆိုကြရင် ‘မောင်ဖွား’ လို့ပြောတာ မျိုးလည်းကြားရတယ်။ ‘မောင်ဘွား’ လို့ပြောတာမျိုးလည်းကြားရတယ်။ ဒါပေမယ့် ‘မောင်ဖား’ က အသုံးမှန်ပဲကွ။ ဦးလေးသတိထား မိသလောက် အင်းဝခေတ် ပျို့ကဗျာတွေမှာကတည်းက သုံးလာတာလေ”
“ဟင်.... ဟုတ်လားဦးလေး။ ကျွန်တော်က ‘မောင်ဖား’ ဆိုတာမကြားဖူးတော့ မှားများမှားသလား လို့ပါ”
“ကဲ...ကဲ...မင်းက သက်သေအထောက်အထားနဲ့ သိချင်တတ်တဲ့သူ ဆိုတော့ ခဏစောင့်။ အင်း... တွေ့ပြီ။ ဟောဒီမှာ။ ရှင်အဂ္ဂသမာဓိ ရေးတဲ့ နေမိငရဲခန်း ပျို့မှာ အပိုဒ် ၂၇ က ဟောဒီနေရာကို ဖတ်လိုက်စမ်း”
“ဟုတ်ကဲ့။ ‘မိထွေးမိကြီး၊ ဦးရီးမောင်ဖား၊ ဆွေငါးမြတ်နိုး၊ ဘွားဘေးဘိုး၌’ တဲ့ ဦးလေး”
“ ဒီမှာလည်းကြည့်၊ စတုဓမ္မသာရ ကိုးခန်းပျို့၊ ရှင်မဟာရဋ္ဌသာရ ရေးတာ မင်းလည်းသိမှာပါ။ ကဲ... ဒီအပိုဒ် ၁၀၂ ကိုဖတ်ပါဦး”
“ ဘယ်နေရာပါလိမ့်။ ဪ..ဟုတ်ကဲ့။ တွေ့ပါပြီ။ ‘အိမ်ထောင်မချ၊ သားမိန်းမအား၊ မြင်းရှည်ထားသော်၊ မောင်ဘားမိဘ၊ ထန်းယခပဲ၊ အရှက်ကွဲသို့’ တဲ့”
“အင်း.... ‘သားမိန်းမ’ ဆိုတာ ‘သမီး’ ကို ဆိုလိုတာ။ ရှေးက အသုံးပေါ့။ သမီးကို အိမ်ထောင်ချမပေးဘဲ အကြာကြီးထားရင် မိဘမောင်ဘားတွေ အရှက်ကွဲတတ်သလိုပဲလို့ ဥပမာပေးထားတာ”
“ဒီမှာတော့ ‘မောင်ဘား’ လို့ ရေးတယ်နော်”
“အေး ... ‘မောင်ဖား’ လို့ လည်းရေးတယ်။ ‘မောင်ဘား’ လို့လည်း ရေးတယ်။ ‘ဖနဲ့ဘ’ က အလဲအလှယ် သုံးနိုင်တာ မင်းသိသားပဲ။ ဒီပျို့တွေ ပုံနှိပ်တဲ့ ပုံနှိပ်တိုက်ရဲ့မူအရ ‘ဖ’ ကို ကြိုက်တဲ့တိုက်က ‘မောင်ဖား’ လို့ ရေးတယ်။ ‘ဘ’ ကို ကြိုက်တဲ့သူက ‘မောင်ဘား’ လို့ ရေးတယ်။ သေချာတာကတော့ ဘယ်မူမှာ မှ ၀ဆွဲမပါဘူး။ ‘မောင်ဖွား’ လို့လည်း မသုံးဘူး။ ‘မောင်ဘွား’ လို့လည်း မသုံးဘူးလေ”
“ဒီလိုဆိုရင် ပြောတဲ့ဆိုတဲ့အခါ ‘မောင်ဖွား’ တို့၊ ‘မောင်ဘွား’ တို့၊ ပြောတာဟာ မှားတာပေါ့နော်”
“မှားတာပေါ့။ ‘မောင်ဖား’ ကနေ ‘မောင်ဖွား’ လို့ပြောင်းသွားတာပါ။ အရင်းခံက ‘မောင်ဖား’ ပါပဲ”
“ပျို့တွေထဲက အသုံးက မှန်တာပေါ့နော်”
“မှန်ပါတယ်။ အဲဒီပျို့တွေက ရှေးကတည်းက နာမည်ထင်ရှားတဲ့ ဟံသာဝတီ တို့၊ ပြည်ကြီးမဏ္ဍိုင်တို့လို ပုံနှိပ်တိုက်ကြီးတွေက မြန်မာ ပညာရှိ ကြီးတွေ သေသေချာချာ တည်းဖြတ် ထားတာပါ”
“စာလုံးပေါင်း သတ်ပုံကျမ်းတို့၊ အဘိဓာန်တို့မှာရော ဦးလေး”
“မင်းက တော်တော် သေချာပါကလား...။ မြန်မာစာအဖွဲ့က ထုတ်ထား တဲ့ မြန်မာ စာလုံးပေါင်းသတ်ပုံ ကျမ်းကို ပြောတာ မဟုတ်လား။ ဒီမှာ ရှာကြည့်လေ”
“တွေ့ပါပြီ ဦးလေး ‘မောင်ဖားမိဘ’ တဲ့”
“ကဲ... မြန်မာအဘိဓာန်မှာ ‘မောင်ဖား’ ကို ဘယ်လို အဓိပ္ပာယ်ဖွင့်သလဲ ဆိုတာ ကြည့်လိုက်ပါဦး”
“ကျွန်တော် ရှာလိုက်အုံးမယ်။ တွေ့ပြီ ဦးလေး။ ‘မောင်ဖား’ လို့ တည်ပုဒ် ပေးထားပါတယ်။ အသံထွက် ကိုတော့/မောင်ဗား/ မောင်ဗွား/ ဆိုပြီး နှစ်မျိုးပြထားတယ်။ ‘မွေးချင်း ဖြစ်သောမောင်’ လို့ အဓိပ္ပာယ်ဖွင့်ထား ပါတယ် ဦးလေး”
“ရှင်းပါတယ်။ ‘မောင်ဖား’ ကို /မောင်ဗား/ လို့လည်း အသံထွက်ကြတယ်။ /မောင်ဗွား/ လို့လည်း အသံထွက်ကြတယ်။ မွေးချင်း ဖြစ်တဲ့ မောင်ကို ဆိုလိုတာပဲပေါ့”
“ဟုတ်ကဲ့ပါ။ တစ်ခု ထပ်မေးပါရစေ ဦးလေး”
“မေးလေ”
“ ‘မောင်ဖား’ မှာ ‘ဖား’ က ဘာအဓိပ္ပာယ်လဲဦးလေး”
“မင်းကိုမေးရဦးမယ်။ ‘ကြောင်ဖား’ ဆိုတာ ဘယ်လိုကြောင်မျိုးလဲ”
“ကြောင်ထီးကြီးကို ကြောင်ဖားလို့ခေါ်ပါတယ်။ ‘ကြောင်ဖားရယ် မြီးတံတို’ သီချင်း ထဲကလေ”
“အေးပါ၊ ‘စားနေကျ ကြောင်ဖား’ ဆိုတာလည်း ရှိတယ်မဟုတ်လား။ ‘ကြောင်ဖား’ ကို ‘ကြီးထွားသော ကြောင်ထီး’ လို့အဘိဓာန်မှာ ဖွင့်တယ်။ ‘သမင်ဖား’ ဆိုတာ ‘သမင်ထီး’ တဲ့။ ဒီတော့ ‘ဖား’ ဆိုတာ ကြီးထွားတဲ့ အထီး သတ္တဝါလို့ အဓိပ္ပာယ်ရတာပေါ့”
“ဟုတ်ကဲ့ပါ”
“ဒီတော့ ‘မောင်ဖား’ ဆိုတာလည်း ‘မောင်ကြီး’ ဆိုတဲ့ အဓိပ္ပာယ်မျိုးပါ။ မောင် ကိုအထူးပြု ပြီးခေါ်တဲ့ အသုံးပဲပေါ့”
“ဟုတ်ကဲ့ပါ”
“စဉ်းစားမိတာတစ်ခုက ‘ဖ’ ရယ် ‘ဖား’ ရယ် ‘ဖို’ ရယ်ဟာ အဓိပ္ပာယ်ချင်း ဆက်စပ်နေပုံရတယ်”
“ပြောပြပါဦးလေး”
“ဒီလိုလေ။ ‘ကြက်ဖ’ ဆိုတာ ကြက်အဖို၊ ကြက်အထီးပဲ မဟုတ်လား။ ‘အဖ၊ ဖခင်’ ဆိုတဲ့ စကားကိုက ယောက်ကျားကို ရည်ညွှန်းတာလေ။ ‘ကျီးဖိုတို့၊ သမင်ဖို’ တို့ဆိုရင်လည်း အထီးကို ပြောတာလေ။ ‘ဖား’ နဲ့ ဗျည်းသံချင်းလည်း တူတယ်။”
“ဟုတ်ကဲ့ပါ”
“တစ်ခါ လူပျိုကြီး ဖားဖားဖြစ်နေပြီ၊ အပျိုကြီး ဖားဖားဖြစ်နေပြီ ဆိုတာကျတော့ အရွယ်ရောက်နေပြီ။ ကိုယ်ခန္ဓာ ကြီးမား ထွားကျိုင်းနေပြီ ဆိုတဲ့ အဓိပ္ပာယ် ရတာပေါ့”
“ဟုတ်ကဲ့ပါ”
“ဒီတော့ ‘ဖား’ ဆိုတာ ယောက်ကျားကိုရော ကြီးမား ထွားကျိုင်းတာကိုရော ရည်ညွှန်းတဲ့ စကားဆိုတာ ထင်ရှားပါတယ်။ ‘မောင်ဖား’ လို့သုံးတာလည်း မိန်းကလေးရဲ့ မွေးချင်းဖြစ်တဲ့ မောင်ကြီးကို ဆိုလိုတာပါ။ ဒါပေမယ့် အဲဒီ ‘ဖား’ ဆိုတဲ့စကားလုံးဟာ အခုခေတ်မှာ အသုံးနည်း သွားတော့ အဓိပ္ပာယ် ငုပ်နေတာပေါ့ကွာ၊ အဓိပ္ပာယ် မထင်ရှား တော့ဘူးပေါ့”
“ဟုတ်ကဲ့ပါ”
“ခုနပြောသလို ‘မောင်ဖား’ ကို ၀ဆွဲသံနဲ့ အသံထွက်တော့ ‘မောင်ဖွား’ ဖြစ် သွားတာပေါ့။ တချို့ကလည်း ‘မောင်ဘွား’ လို့ ရေးတာပေါ့။ ‘မိဘမောင်ဘွား၊ အစ်ကိုတွေ ကြားဝယ်’ ဆိုတဲ့ သီချင်းစာသား ရှိတယ် မဟုတ်လား။ ‘မောင်ဖွား’ တို့၊ ‘မောင်ဘွား’ တို့ကိုကြည့်ပြီး အတူတူဖွားမြင်တဲ့သူလို့ အဓိပ္ပာယ် ကောက် ကြ တာတွေလည်း ရှိတယ်။ အဲဒီကနေ ‘မယ်ဖွား’ တို့၊ ‘နောင်ဖွား’ တို့၊ ‘ညီဖွား’ တို့၊ နောက်တော့ ‘ဇာနည်ဖွား’ တို့လို အသုံးတွေ ကျယ်ပြန့်လာတာပေါ့။ အဲဒီတော့ ‘မောင်ဖွား’၊ ‘မောင်ဘွား’ လို့ရေးမှ မှန်တယ်လို့ ထင်တတ် ကြတာ ဟာ ဒီစကားလုံးရဲ့အရင်းအမြစ်ကို သတိမပြုမိကြလို့ပါ”
“ဟုတ်ကဲ့ပါ”
“ ‘မတစ်ထောင်တစ်ကောင်ဖွား’ ဆိုတဲ့ ‘ဖွား’ ကတော့ ဖွားမြင်တာကို ဆိုလို တာပါ။ အဲဒီလို ‘ဖွား’ အသုံးတွေ ရှိနေတော့ ‘မောင်ဖွား’ တို့၊ ‘မောင်ဘွား’ တို့ပဲ အသုံးတွင်လာပြီး ‘မောင်ဖား’ က အသုံးတိမ်မြုပ် နေတာပါ။ တကယ်တော့ ‘မောင်ဖား’ ကမှ အရင်းခံလည်း ကျတယ်။ မှန်လည်း မှန်ပါတယ်။ ဒါကြောင့် မြန်မာ စာလုံး ပေါင်း သတ်ပုံကျမ်းမှာရော၊ မြန်မာ အဘိဓာန်မှာရော၊ ‘မောင်ဖား’ လို့ ပြထားတာပေါ့ကွာ”
“ဟုတ်ကဲ့၊ နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ်ဦးလေး”
မောင်ခင်မင်(ဓနုဖြူ)
Credit
— with Sayarlay, Myat Moe, ဆရာလေး ပညာရေး and Ma Khaing.“ ဦးလေးရေ၊ မေးစရာတစ်ခုပေါ်လာလို့”
“ဘာများမေးစရာပေါ်လာလို့လဲငါ
“သတင်းစာထဲက စာလုံးတစ်လုံးပါ။ ပထမတော့ ပုံနှိပ်မှားတယ်ထင်တာ။ ဒါပေမယ့် အဲဒီစာလုံးက တစ်ခါမကပါနေတော့ ပုံနှိပ်မှားတာလား ၊ ရေးတဲ့သူကပဲ မှားရေးတာလား၊ စာလုံးက မှန်နေတာကို ကျွန်တော်ကပဲ မှားတယ် ထင်နေတာလား၊ မသဲမကွဲ ဖြစ်နေလို့ပါ”
“ဟ... မင်းမေးခွန်းတွေကလည်း များလှချည်လား။ ဘယ်စာလုံးလဲကွ”
“မောင်ဖားဆိုတဲ့စကားလုံးပါ။
“မင်းကဘယ်လိုထင်လို့လဲ”
“ကျွန်တော်က ‘မောင်ဖွား’ လို့ သုံးတာအမှန်လို့ထင်တာ။ ‘မောင်ဖား’ ဆိုတော့ ပုံနှိပ်မှားတာလား၊ မှားရေး တာလား၊ တစ်ခုခုပဲလို့တွေးမိတာပေါ့။
“ဟုတ်ပါပြီ။ အများအားဖြင့်တော့ ပြောကြဆိုကြရင် ‘မောင်ဖွား’ လို့ပြောတာ မျိုးလည်းကြားရတယ်။ ‘မောင်ဘွား’ လို့ပြောတာမျိုးလည်းကြားရတယ
“ဟင်.... ဟုတ်လားဦးလေး။ ကျွန်တော်က ‘မောင်ဖား’ ဆိုတာမကြားဖူးတော့ မှားများမှားသလား လို့ပါ”
“ကဲ...ကဲ...မင်းက သက်သေအထောက်အထားနဲ့ သိချင်တတ်တဲ့သူ ဆိုတော့ ခဏစောင့်။ အင်း... တွေ့ပြီ။ ဟောဒီမှာ။ ရှင်အဂ္ဂသမာဓိ ရေးတဲ့ နေမိငရဲခန်း ပျို့မှာ အပိုဒ် ၂၇ က ဟောဒီနေရာကို ဖတ်လိုက်စမ်း”
“ဟုတ်ကဲ့။ ‘မိထွေးမိကြီး၊ ဦးရီးမောင်ဖား၊ ဆွေငါးမြတ်နိုး၊ ဘွားဘေးဘိုး၌’ တဲ့ ဦးလေး”
“ ဒီမှာလည်းကြည့်၊ စတုဓမ္မသာရ ကိုးခန်းပျို့၊ ရှင်မဟာရဋ္ဌသာရ ရေးတာ မင်းလည်းသိမှာပါ။ ကဲ... ဒီအပိုဒ် ၁၀၂ ကိုဖတ်ပါဦး”
“ ဘယ်နေရာပါလိမ့်။ ဪ..ဟုတ်ကဲ့။ တွေ့ပါပြီ။ ‘အိမ်ထောင်မချ၊ သားမိန်းမအား၊ မြင်းရှည်ထားသော်၊ မောင်ဘားမိဘ၊ ထန်းယခပဲ၊ အရှက်ကွဲသို့’ တဲ့”
“အင်း.... ‘သားမိန်းမ’ ဆိုတာ ‘သမီး’ ကို ဆိုလိုတာ။ ရှေးက အသုံးပေါ့။ သမီးကို အိမ်ထောင်ချမပေးဘဲ အကြာကြီးထားရင် မိဘမောင်ဘားတွေ အရှက်ကွဲတတ်သလိုပဲလို့ ဥပမာပေးထားတာ”
“ဒီမှာတော့ ‘မောင်ဘား’ လို့ ရေးတယ်နော်”
“အေး ... ‘မောင်ဖား’ လို့ လည်းရေးတယ်။ ‘မောင်ဘား’ လို့လည်း ရေးတယ်။ ‘ဖနဲ့ဘ’ က အလဲအလှယ် သုံးနိုင်တာ မင်းသိသားပဲ။ ဒီပျို့တွေ ပုံနှိပ်တဲ့ ပုံနှိပ်တိုက်ရဲ့မူအရ ‘ဖ’ ကို ကြိုက်တဲ့တိုက်က ‘မောင်ဖား’ လို့ ရေးတယ်။ ‘ဘ’ ကို ကြိုက်တဲ့သူက ‘မောင်ဘား’ လို့ ရေးတယ်။ သေချာတာကတော့ ဘယ်မူမှာ မှ ၀ဆွဲမပါဘူး။ ‘မောင်ဖွား’ လို့လည်း မသုံးဘူး။ ‘မောင်ဘွား’ လို့လည်း မသုံးဘူးလေ”
“ဒီလိုဆိုရင် ပြောတဲ့ဆိုတဲ့အခါ ‘မောင်ဖွား’ တို့၊ ‘မောင်ဘွား’ တို့၊ ပြောတာဟာ မှားတာပေါ့နော်”
“မှားတာပေါ့။ ‘မောင်ဖား’ ကနေ ‘မောင်ဖွား’ လို့ပြောင်းသွားတာပါ။ အရင်းခံက ‘မောင်ဖား’ ပါပဲ”
“ပျို့တွေထဲက အသုံးက မှန်တာပေါ့နော်”
“မှန်ပါတယ်။ အဲဒီပျို့တွေက ရှေးကတည်းက နာမည်ထင်ရှားတဲ့ ဟံသာဝတီ တို့၊ ပြည်ကြီးမဏ္ဍိုင်တို့လို ပုံနှိပ်တိုက်ကြီးတွေက မြန်မာ ပညာရှိ ကြီးတွေ သေသေချာချာ တည်းဖြတ် ထားတာပါ”
“စာလုံးပေါင်း သတ်ပုံကျမ်းတို့၊ အဘိဓာန်တို့မှာရော ဦးလေး”
“မင်းက တော်တော် သေချာပါကလား...။ မြန်မာစာအဖွဲ့က ထုတ်ထား တဲ့ မြန်မာ စာလုံးပေါင်းသတ်ပုံ ကျမ်းကို ပြောတာ မဟုတ်လား။ ဒီမှာ ရှာကြည့်လေ”
“တွေ့ပါပြီ ဦးလေး ‘မောင်ဖားမိဘ’ တဲ့”
“ကဲ... မြန်မာအဘိဓာန်မှာ ‘မောင်ဖား’ ကို ဘယ်လို အဓိပ္ပာယ်ဖွင့်သလဲ ဆိုတာ ကြည့်လိုက်ပါဦး”
“ကျွန်တော် ရှာလိုက်အုံးမယ်။ တွေ့ပြီ ဦးလေး။ ‘မောင်ဖား’ လို့ တည်ပုဒ် ပေးထားပါတယ်။ အသံထွက် ကိုတော့/မောင်ဗား/
“ရှင်းပါတယ်။ ‘မောင်ဖား’ ကို /မောင်ဗား/ လို့လည်း အသံထွက်ကြတယ်။ /မောင်ဗွား/ လို့လည်း အသံထွက်ကြတယ်။ မွေးချင်း ဖြစ်တဲ့ မောင်ကို ဆိုလိုတာပဲပေါ့”
“ဟုတ်ကဲ့ပါ။ တစ်ခု ထပ်မေးပါရစေ ဦးလေး”
“မေးလေ”
“ ‘မောင်ဖား’ မှာ ‘ဖား’ က ဘာအဓိပ္ပာယ်လဲဦးလေး”
“မင်းကိုမေးရဦးမယ်။ ‘ကြောင်ဖား’ ဆိုတာ ဘယ်လိုကြောင်မျိုးလဲ”
“ကြောင်ထီးကြီးကို ကြောင်ဖားလို့ခေါ်ပါတယ်။ ‘ကြောင်ဖားရယ် မြီးတံတို’ သီချင်း ထဲကလေ”
“အေးပါ၊ ‘စားနေကျ ကြောင်ဖား’ ဆိုတာလည်း ရှိတယ်မဟုတ်လား။ ‘ကြောင်ဖား’ ကို ‘ကြီးထွားသော ကြောင်ထီး’ လို့အဘိဓာန်မှာ ဖွင့်တယ်။ ‘သမင်ဖား’ ဆိုတာ ‘သမင်ထီး’ တဲ့။ ဒီတော့ ‘ဖား’ ဆိုတာ ကြီးထွားတဲ့ အထီး သတ္တဝါလို့ အဓိပ္ပာယ်ရတာပေါ့”
“ဟုတ်ကဲ့ပါ”
“ဒီတော့ ‘မောင်ဖား’ ဆိုတာလည်း ‘မောင်ကြီး’ ဆိုတဲ့ အဓိပ္ပာယ်မျိုးပါ။ မောင် ကိုအထူးပြု ပြီးခေါ်တဲ့ အသုံးပဲပေါ့”
“ဟုတ်ကဲ့ပါ”
“စဉ်းစားမိတာတစ်ခုက ‘ဖ’ ရယ် ‘ဖား’ ရယ် ‘ဖို’ ရယ်ဟာ အဓိပ္ပာယ်ချင်း ဆက်စပ်နေပုံရတယ်”
“ပြောပြပါဦးလေး”
“ဒီလိုလေ။ ‘ကြက်ဖ’ ဆိုတာ ကြက်အဖို၊ ကြက်အထီးပဲ မဟုတ်လား။ ‘အဖ၊ ဖခင်’ ဆိုတဲ့ စကားကိုက ယောက်ကျားကို ရည်ညွှန်းတာလေ။ ‘ကျီးဖိုတို့၊ သမင်ဖို’ တို့ဆိုရင်လည်း အထီးကို ပြောတာလေ။ ‘ဖား’ နဲ့ ဗျည်းသံချင်းလည်း တူတယ်။”
“ဟုတ်ကဲ့ပါ”
“တစ်ခါ လူပျိုကြီး ဖားဖားဖြစ်နေပြီ၊ အပျိုကြီး ဖားဖားဖြစ်နေပြီ ဆိုတာကျတော့ အရွယ်ရောက်နေပြီ။ ကိုယ်ခန္ဓာ ကြီးမား ထွားကျိုင်းနေပြီ ဆိုတဲ့ အဓိပ္ပာယ် ရတာပေါ့”
“ဟုတ်ကဲ့ပါ”
“ဒီတော့ ‘ဖား’ ဆိုတာ ယောက်ကျားကိုရော ကြီးမား ထွားကျိုင်းတာကိုရော ရည်ညွှန်းတဲ့ စကားဆိုတာ ထင်ရှားပါတယ်။ ‘မောင်ဖား’ လို့သုံးတာလည်း မိန်းကလေးရဲ့ မွေးချင်းဖြစ်တဲ့ မောင်ကြီးကို ဆိုလိုတာပါ။ ဒါပေမယ့် အဲဒီ ‘ဖား’ ဆိုတဲ့စကားလုံးဟာ အခုခေတ်မှာ အသုံးနည်း သွားတော့ အဓိပ္ပာယ် ငုပ်နေတာပေါ့ကွာ၊ အဓိပ္ပာယ် မထင်ရှား တော့ဘူးပေါ့”
“ဟုတ်ကဲ့ပါ”
“ခုနပြောသလို ‘မောင်ဖား’ ကို ၀ဆွဲသံနဲ့ အသံထွက်တော့ ‘မောင်ဖွား’ ဖြစ် သွားတာပေါ့။ တချို့ကလည်း ‘မောင်ဘွား’ လို့ ရေးတာပေါ့။ ‘မိဘမောင်ဘွား၊ အစ်ကိုတွေ ကြားဝယ်’ ဆိုတဲ့ သီချင်းစာသား ရှိတယ် မဟုတ်လား။ ‘မောင်ဖွား’ တို့၊ ‘မောင်ဘွား’ တို့ကိုကြည့်ပြီး အတူတူဖွားမြင်တဲ့သူလို့ အဓိပ္ပာယ် ကောက် ကြ တာတွေလည်း ရှိတယ်။ အဲဒီကနေ ‘မယ်ဖွား’ တို့၊ ‘နောင်ဖွား’ တို့၊ ‘ညီဖွား’ တို့၊ နောက်တော့ ‘ဇာနည်ဖွား’ တို့လို အသုံးတွေ ကျယ်ပြန့်လာတာပေါ့။ အဲဒီတော့ ‘မောင်ဖွား’၊ ‘မောင်ဘွား’ လို့ရေးမှ မှန်တယ်လို့ ထင်တတ် ကြတာ ဟာ ဒီစကားလုံးရဲ့အရင်းအမြစ်ကို
“ဟုတ်ကဲ့ပါ”
“ ‘မတစ်ထောင်တစ်ကောင်ဖွား’ ဆိုတဲ့ ‘ဖွား’ ကတော့ ဖွားမြင်တာကို ဆိုလို တာပါ။ အဲဒီလို ‘ဖွား’ အသုံးတွေ ရှိနေတော့ ‘မောင်ဖွား’ တို့၊ ‘မောင်ဘွား’ တို့ပဲ အသုံးတွင်လာပြီး ‘မောင်ဖား’ က အသုံးတိမ်မြုပ် နေတာပါ။ တကယ်တော့ ‘မောင်ဖား’ ကမှ အရင်းခံလည်း ကျတယ်။ မှန်လည်း မှန်ပါတယ်။ ဒါကြောင့် မြန်မာ စာလုံး ပေါင်း သတ်ပုံကျမ်းမှာရော၊ မြန်မာ အဘိဓာန်မှာရော၊ ‘မောင်ဖား’ လို့ ပြထားတာပေါ့ကွာ”
“ဟုတ်ကဲ့၊ နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ်ဦးလေး”
မောင်ခင်မင်(ဓနုဖြူ)
Credit
Comments
Post a Comment