တို့နှစ်ယောက် အခုထက်ပို စောတွေ့ခဲ့ရင်



တို့နှစ်ယောက် အခုထက်ပို စောတွေ့ခဲ့ရင်

 “မိန်းမရေ …
ငါဒီစာကိုရေးရခြင်း ရည်ရွယ်ချက်ကတော့ ငါမင်းကို ထာဝရခွဲသွားပြီဆိုတာကို ပြောပြချင်လို့ပဲ ..။ ငါ ဟာ မင်းအတွက် (၇)နှစ်လောက် ယောက်ျားကောင်းတစ်ယောက်အနေနဲ့ နေထိုင်ခဲ့တယ် .. အဲဒီ့အတွက် ငါ့ မှာ ဘာမှ ကောင်းတဲ့ ရလာဒ် မရခဲ့ဘူး …။

လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းကတော့ ငါ့ အတွက် ငရဲကျနေသလိုပဲ …
အခုပဲ မင်း သူဌေးက မင်းအလုပ်ကထွက်လိုက်တဲ့ အကြောင်း ငါ့ကို ဖုန်းဆက်ပြီး ပြောတယ် ..။ ဒီအလုပ်က ငါတို့အတွက် အရေးကြီးတယ်ဆိုတာ မင်းမသိဘူးလား …။ ဒါကိုထားလိုက်ပါဦး …။
လွန်ခဲ့တဲ့ အပတ် တနင်္ဂနွေနေ့ ကဆို ငါဆံပင်ညှပ်ထားတာ မင်း သတိတောင် မထားမိဘူး မဟုတ်လား …။ ပြီးတော့ ညစာအတွက် မင်းအကြိုက်ဆုံး ဟင်းကို လည်း ချက်ပေးထားခဲ့တယ်လေ …။
ငါ ပိုးည၀တ် ဘောင်းဘီအသစ် ၀တ်ထားတာလဲ မင်းမသိဘူး မဟုတ်လား …။
မင်း (၂)မိနစ်လောက် စားပြီး တီဗီသွားကြည့်တယ် … ပြီးတော့ အိပ်ယာထဲကို တန်းဝင်သွားတယ် မဟုတ်လား …။
မင်းငါ့ကို ချစ်တဲ့အကြောင်းတွေ မပြောတာလဲ ကြာပြီ …။ ပြီးတော့ .. လင်မယား နှစ်ယောက်မှာ လိုအပ်တဲ့ ရင်းနှီးနွေးထွေးမှုတွေလဲ မင်းမလိုချင်တော့ဘူးမဟုတ်လား …။
ဒါတွေကိုကြည့်ခြင်းအားဖြင့် မင်းဖောက်ပြန်နေတာ (ဒါမှမဟုတ်) မင်းငါ့ကိုမချစ်တော့တာပဲ ဖြစ်ရမယ် …။
ဘာပဲဖြစ်ဖြစ်ပါ … ငါ … သွားပြီ ….။

မှ…..
မင်းရဲ့ယောက်ျားဟောင်း


PS: မင်းငါ့ကိုရှာဖို့ မကြိုးစားပါနဲ့ ..။ မင်း ညီမ နဲ့ငါ ထိုင်းကို တူတူ ပြောင်းသွားကြပြီ …။ ငါတို့နှစ်ယောက် ဘ၀က သာယာပျော်ရွှင်မှာပါ …။”


မိန်းမဖြစ်သူက စာပြန်တယ် …
“ယောက်ျားဟောင်းကြီးရေ …
ရှင့်စာကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်မ အတွက် ဘာမှတော့ မထူးပါဘူး …။ ကျွန်မ တို့ လက်ထပ်တာ (၇)နှစ်ရှိပြီဆိုတာ မှန်ပါတယ် ..။ ဒါပေမယ့် ယောက်ျားကောင်း အဖြစ်နေခဲ့တယ်ဆိုတာကတော့ တော်တော်လေးကို မှားနေတယ်ရှင့် …။ ရှင်လွန်ခဲ့တဲ့ အပတ်က ဆံပင်ညှပ်ထားတာ ကျွန်မ သိတာပေါ့ရှင် … ဒါပေမယ့် မြင်မြင်ချင်း ကျွန်မ ခေါင်း ထဲကို ၀င်လာတာက ရှင့်ဆံပင်သစ်က မိန်းမကြီးတစ်ယောက်နဲ့တူသွားစေတယ်ဆိုတာပဲ …။ ကျွန်မ အမေ က ကျွန်မကို သင်ထားတယ်ရှင့် ..။ ကိုယ်ပြောလိုက်လို့ လူသဘောကျမယ့် စကားမျိုးမဟုတ်ရင် မပြောပါနဲ့တဲ့ …။ ဒါကြောင့် ရှင့်ဆံပင်ကြီးကို မှတ်ချက်မပေးခဲ့တာပေါ့ …။
ပြီးတော့ ရှင်ကျွန်မအတွက် ကျွန်မ အကြိုက်ဆုံးဟင်းချက်ထားတဲ့ ကိစ္စ …။ ရှင် ကျွန်မ နဲ့ ကျွန်မ ညီမ ကို မှားနေပုံရတယ် …။ ကျွန်မ ကြက်သားမစားတာ လွန်ခဲ့တဲ့ ၇နှစ်တည်းကပဲလေ …။
ပြီးတော့ ရှင့်ပိုးဘောင်းဘီကိစ္စ … အဲဒီ့ပေါ်မှာ ဒေါ်လာ (၂၀၀) ဆိုပြီး တံဆိပ်ကြီးမခွာရသေးတာ ကျွန်မမြင်တယ်လေ …။ အေး … တိုက်တိုက်ဆိုင်ဆိုင်ပဲ … အဲဒီ့မနက်ကပဲ ကျွန်မညီမ ကျွန်မဆီက ဒေါ်လာ (၂၀၀) လာချေးသွားတယ်လေ …။ အဲဒါကြောင့် အဲဒါကို မြင်ကိုမမြင်ချင်လို့ မျက်နှာကိုလွှဲထားလိုက်တာ …။
အော် …. ပြောရဦးမယ် … ကျွန်မ ဒီလ အတွက် ဒေါ်လာ ၁သိန်းတန် ထီပေါက်ထားတယ်ရှင့် …။ ဒါကြောင့် အလုပ်ကထွက်လိုက်တာပဲ …။
(Las Vegas) ကိုသွားဖို့ လက်မှတ် (၂)စောင်လဲဝယ်လာသေးတယ် …။ ဒါပေမယ့် ကျွန်မ အိမ်ပြန်ရောက်တော့ ရှင်တို့က ထွက်သွားကြပြီ …။
အရာရာတိုင်းက အကြောင်းရှိလို့ အကျိုးဖြစ်တယ်ပဲ ပြောရမှာပေါ့ရှင် …။
ရှင်ဖြစ်ချင်တဲ့ ဘ၀လေးကို ရယူပိုင်ဆိုင်နိုင်ဖို့ ကျွန်မ မျှော်လင့်ပါတယ် …။
ကျွန်မ ရှေ့နေ့ ကလည်းပြောပါတယ် … ရှင် ကျွန်မ ဆီက တစ်ပြားတစ်ချပ်မှ ယူလိမ့်မှာ မဟုတ်ဘူး ဆိုတာ ရှင့်စာထဲက စကားတွေထဲမှာ ပါတယ်တဲ့ …။


မှ….
ရှင့် မိန်းမဟောင်း ( သူဌေးလဲဖြစ်ပြီး လွတ်လပ်သောဘ၀ကိုလည်း ပိုင်ဆိုင်သွားသူ)


(P.S: အော် … ကျွန်မ နဲ့ရှင် အိမ်ထောင် သက်တစ်လျှောက်လုံး ရှင့်ကိုမပြောခဲ့တာလေးတစ်ခုတော့ ပြောပါရစေ … ကျွန်မ ညီမ စန်ဒီ ဟာ တကယ်တော့ ကျွန်မ မောင်လေး ဂျွန်ပါပဲ …။ သူ လိင်ပြောင်း ဖို့အတွက် ကျွန်မ ပဲ ပိုက်ဆံ ထုတ်ပေးခဲ့တာလေ …။ သူ့ဘ၀အတွက် ဒီကိစ္စကို ဘယ်သူမှ မပြောပဲ နေခဲ့တာပဲ … ဒါကလဲ ပြဿနာတစ်ခုတော့ မဟုတ်လောက်ပါဘူး .. ဟုတ်တယ် မဟုတ်လား …။)


(အထူးမှတ်ချက်။        ။ ကျွန်တော် ဘယ်ပေ့ခ်ျက ကူးထားမှန်း မမှတ်မိတော့လို့ မူလရေးသားသူနဲ့ ပေ့ခ်ျကို Credit: ပေးပါတယ်)

ရှဥ့်ညိုလေး

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း