ဘဝသင်ခန်းစာ (၁)
ရေချိုးရန်စောင့်နေသော ယောက်ျားသည် ဇနီးဖြစ်သူ ရေချိုးပြီး၍ တဘက်ခြုံထွက်လာသည် နှင့် ရေချိုးခန်းအတွင်းသို့ ဝင်သွားသည်။ ထိုအချိန်တွင် တံခါးခေါက်သံကြားသဖြင့် အမျိုးသမီးလည်း အဝတ်အစား မလဲအားတော့ဘဲ တံခါးဖွင့်ကြည့်လိုက်သည်။ ဘေးအိမ်မှ အိမ်နီးချင်း အမျိုးသား ဖြစ်နေသည်။ အမျိုးသမီးထံမှ ဘာစကားသံမျှ ထွက်မလာသေးမီ ထိုသူက ပြောလိုက်သည်။
“ ခြုံထားတဲ့ တဘက်ဖယ်လိုက်ရင် ကျုပ်လက်ထဲပါလာတဲ့ ငွေငါးသိန်း ချက်ခြင်းပေးမယ် ”
အမျိုးသမီးလည်း ခေတ္တမျှစဉ်းစားပြီးနောက် တဘက်ကို လှပ်လိုက်သည်။ အိမ်နီးချင်း အမျိုးသားလည်း ကတိအတိုင်းပေးကာ ချက်ခြင်းပြန်သွားသည်။ အမျိုးသမီးလည်း တံခါးကိုပိတ်ကာ ငွေထုပ်ပိုက်၍ အိပ်ခန်းထဲသို့ ဝင်သွားသည်။ ရေချိုးပြီး ပြန်ထွက်လာသော ယောက်ျားက လှမ်းမေးသည်။
“ ခုနက ဘယ်သူလဲ ”
“ ဘေးအိမ်ကလေ ”
“ ပိုက်ဆံလာပေးတာလား၊ ငါ့ဆီက ချေးထားတဲ့ ပိုက်ဆံငါးသိန်း ဒီနေ့လာပေးမယ် ပြောထားတာ ”
Credit: Original Writer
(PS: အရေးကြီးသည့်အချက်အလက်များကို အချိန်နှင့်တပြေးညီရရှိရန် အလွန်အရေးကြီးသည်။)
ရှဉ့်ညိုလေး
https://web.facebook.com/authorshintnyolay
မူရင်းရေးသားသူအား Credit:
ရှဥ့်ညိုလေး
Comments
Post a Comment