ဘဝသင်ခန်းစာ(ဂ)


ဘဝသင်ခန်းစာ(ဂ)

                        ကျီးတစ်ကောင်သည် သစ်ပင်တစ်ပင်ပေါ်တွင် တစ်နေကုန် ဘာမှမလုပ်ဘဲ နားနေသည်။ ၎င်းအဖြစ်ကို နေ့စဉ် တွေ့မြင်နေရသည့် ယုန်တစ်ကောင်က အားကျသံကို မဖုံးနိုင်ဘဲ ပြောလိုက်မိသည်။
“ ကိုရွှေကျီးရေ…ကျွန်တော်လည်း ခင်ဗျားလိုတစ်နေကုန် ဘာမှမလုပ်ဘဲ နားနေချင်လိုက်တာဗျာ…”
“ နေချင်ရင် နေပေါ့ကွ ရွှေယုန်ရ… နားမယ်၊ မနားဘူးဆိုတာ မင်းအပေါ်မှာပဲ မူတည်တာပါ…”
ယုန်လည်း ကျီးနားနေသည့် သစ်ပင်အောက်တွင် တစ်နေကုန် ဘာမျှမလုပ်ဘဲနားနေလိုက်ရာ ညနေစောင်းခန့် တွင် ဝံပုလွေတစ်ကောင်ရောက်လာပြီး ကိုက်သတ်သွားလေတော့သည်။


မူရင်းရေးသားသူအား Credit:

(PS: ဘာမှ မလုပ်ဘဲနားနေချင်ရင် မြင့်မြင့်မှာနေရမယ်။ ဒါမှမဟုတ်ရင်တော့ အစားခံရမယ်။)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း