ဘဝသင်ခန်းစာ(၁၁)



ဘဝသင်ခန်းစာ(၁၁) 

လူပျိုကြီး ကိုဖြိုးမောင်နှင့် " ခိုင်းတော့သက်ဝေ" စားသောက်ဆိုင်မှ ကိုမော်ကြီးတို့ ကမ်းခြေသွားကာ အပန်းဖြေကြသည်။ နှစ်ဦးစလုံးမှာ လူပျိုကြီးများဖြစ်ကြ၍ ကမ်းခြေတွင် အစွမ်းကုန် ကဲကြသည်။ အချိန်ပြည့် ရေစိမ်နေကြသည်။ ဟိုသည် လျှောက်သွားရင်း လူရှင်းရာ ကျောက်ဆောင်များဆီသို့ရောက်သောအခါ ကမ်းခြေတွင် တင်နေသည့်အရာတစ်ခုကြောင့် နှစ်ဦးသား အဝေ မတည့် ဖြစ်ကြသည်။ မည်သို့ လုပ်ရမှန်းမသိသဖြင့် စာကြည့်တိုက်မှူးလေး ကိုစိုးထက်ထံ ဖုန်းလှမ်းဆက်သည်။
" ကိုစိုးထက်ရေ...ကျနော် ဘာလုပ်ရမလဲဆိုတာ အကြံပေးနိုင်ရင် ပေးပါဦးဗျ.."

" ဘာဖြစ်လို့ လဲဗျ... ဆိုစမ်းပါဦး... "
" ခုကျနော်တို့ ကမ်းခြေမှာဗျ...ကိုမော်ကြီးရယ် ကျွန်တော်ရယ်လေ ရေသူမ တွေ့ထားတယ်...၊ ဘယ်လို အသုံးချရမလဲ ဆိုတာ မစဉ်းစားတတ်ဘူး.."
" ရေသူမပဲဗျာ ဘယ်လိုအသုံးချချင်သေးလို့တုန်း "
" ကျွန်တော်က ငါးဟင်း မကြိုက်ဘူးဗျာ...ကိုမော်ကြီးကတော့ သူ့ကောင်မလေး ဆူမှာစိုးတာနဲ့ ငါးဟင်းချက်စားမယ်ချည်း ပြောနေတယ် "
" ဘာခက်တာ မှတ်လို့ဗျာ...ခေါင်းပန်းလှန်ဆုံးဖြတ်လိုက်ပေါ့..."
" အဲဒါလည်း ခက်တာပဲဗျ...ကျွန်တော်နိုင်ပြီ ဆိုပါတော့၊ ရေသူမဆိုတော့ မိန်းမအနေနဲ့ဆို မနိပ်ပြန်ဘူး၊ ကိုမော်ကြီးနိုင်သွားလို့ ငါးဟင်းချက်စားမယ် ဆိုတော့လည်း သနားစရာလေးဗျာ...အဲ...အဲဒါ "
" ရှုပ်တယ်ဗျာ ကျွန်တော့်ဆီသာ ခေါ်ခဲ့လိုက်...အဲလေ...ဒီမှာလည်း မယဉ်ထွေးနဲ့ဆိုတော့ ဖြစ်ဖူးဗျ..တွေ့တဲ့နေရာမှာပဲ ပစ်ထားခဲ့ပါတော့ ကိုဖြိုးမောင်ရာ...ဒါမှမဟုတ် ပင်လယ်ထဲ ပြန်ချပေးခဲ့လိုက်ပေါ့..."
" ဒီအကြံ မဆိုးဘူးဗျို့... ကဲ လာလေရော့ ဟိုင်းရား..."

 မူရင်းရေးသားသူအား Credit:
(PS: ရခဲသည့်အရာတို့ ရလာသည့်တိုင် အသုံးမချတတ်လျှင် ပြန်၍လက်လွှတ်ဆုံးရှုံးရတတ်သည်။)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း