လမ်းခွဲရောက်ရင်...




လမ်းခွဲရောက်ရင်...

တချို့တချို့တွေက စိတ်ထဲမှာ
တချို့တချို့တွေက ရင်ထဲမှာ
တချို့တွေက ချန်ထားတယ်
တချို့တွေက ကျန်သွားတယ်
တွေ့ဆုံကြုံကွဲ ဆိုတာ သိတယ်
မရှိရင် မဖြစ်ဘူးဆိုတာ မရှိဘူး
ဒါပေမယ့်...
လစ်ဟာသွားတဲ့ တချို့နေရာတွေအကြောင်း
ဝေးမှ ဆွေးရတာထက်
မဝေးခင် ဆွေးရတာ ပိုမိုက်တယ်
တချို့တချို့တွေကိုတော့
နေကောင်းရဲ့လား ပျော်ရဲ့လားလို့
ဖုန်းဆက်မိတာလည်း မကြခဏ
တချို့တွေက ဆက်သွယ်မှုပြင်ပ
ကမ္ဘာကြီးရဲ့ ဟိုးးးး အဝေးကြီးမှာ
ငါတို့ ဘယ်တော့မှ ဆက်သွယ်ခွင့် မရှိဘူး
ဝေးသွားမှ ခပ်ဆွေးဆွေးတွေးမိတာ
ပြောခဲ့ဖူးတဲ့ စကား
ကျွေးခဲ့ဖူးတဲ့ မုန့်
ပေးခဲ့ဖူးတဲ့ ဘောပင်တစ်ချောင်း
ခုနေခါ တန်ဖိုးပိုကြီးသွားတယ်
ပြန်တွေးကြည့်တယ်
ဆက်နွယ်နေတုန်း
ငါသွယ်ခဲ့ဖူးရဲ့လား ခင်မင်ကြောင်း အမူရာ
စိတ်တိုလွယ်တဲ့ ငါ
ပြဇာတ်မင်းသားတစ်ယောက်လို
အပြုံးတွေ မချိုခဲ့တာ သေချာတယ်
ငါတို့သွားတဲ့ ခရီးက လမ်းခွဲတွေများတယ်
ဆုံနေတုန်း ချစ်ချစ်မုန်းမုန်း
မေတ္တာတရားနဲ့ဆို
လမ်းခွဲရောက်ရင်
ငါတို့ပြုံးနိုင်မယ်ထင်ရဲ့...။ ။


ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၁၅.၃.၂၀၁၆ ည ၈း၀၀ နာရီ)
(PS: ကျွန်တော်နှင့် ဆက်နွယ်ပတ်သက်ခဲ့ဖူးသော သူငယ်ချင်းများအားလုံးသို့)
(ရှဥ့်ညိုလေး၏ နှလုံးသားသစ်သီးများမှ/)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း