ဘဝသင်ခန်းစာ (၂)
ပရိုဂရမ်မာ၊ ဒီဇိုင်နာနှင့် ပရောဂျက်မန်နေဂျာတို့ နေ့လည်စာစားရန် လမ်းလျှောက်ထွက်လာကြစဉ် ရှေးဟောင်းမီးခွက်တစ်လုံးကို အတူတကွ တွေ့ကြလေသည်။ မီးခွက်ကို ပွတ်လိုက်သည့်အခါ မီးခွက်စောင့်ဘီလူး ထွက်လာပြီး
“ လိုရာဆုတောင်းကြ၊ တစ်ယောက်ကို ဆုတစ်ခုပေးမယ်
ထိုအခါ ဒီဇိုင်နာက“ ကျွန်တော့်ကို အရင်ပေးပါ၊ ကျွန်တော်အရင် ဆုတောင်းပါရစေ ”
“ ကောင်းပြီ၊ တောင်းစေ ”
“ ကမ်းခြေမှာ စပိဘုတ်တစ်စင်းနဲ့ တလောကလုံး ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘဲ အပမ်းဖြေချင်တယ် ”
“ ပြည့်စေ ”
မီးခွက်စောင့်ဘီလူးစကားသံအဆုံး ဒီဇိုင်နာလည်း ထိုနေရာမှ ချက်ခြင်းပျောက်သွားသည်။ ပရိုဂရမ်မာက
“ ဒီတစ်ခါ ကျွန်တော့်အလှည့်၊ ကျွန်တော် ဆုတောင်းမယ် ” ဟုဆိုကာ
“ ကမ်းခြေမှာ ကျွန်တော်ကြိုက်နေတဲ့ ကောင်မလေးနဲ့အတူ အပူအပင်မရှိ လေညင်းခံနေချင်တယ် ”
“ ပြည့်စေ့ ”
မီးခွက်စောင့်၏ စကားအဆုံး ပရိုဂရမ်မာလည်း နေရာမှ ချက်ခြင်းပျောက်သွားပြန်သည်။
“ ကဲ မင်းအလှည့်ပဲ၊ ဘာဆုတောင်းမလဲ ”
ပရောဂျက်မန်နေဂျာက ချက်ခြင်းပင် ဆုတောင်းလိုက်သည်။
“ နေ့လည်စာ စားချိန်ပြည့်တာနဲ့ ဟိုနှစ်ကောင် ရုံးခန်းထဲပြန်ရောက်နေတာ မြင်ချင်တယ် ”
မီးခွက်စောင့်ဘီလူးထံမှ ပြည့်စေဆိုသော စကားသံကြီးကလည်း တဆက်တည်း ထွက်သွားတော့သည်။
(PS: ဘယ်ကိစ္စမဆို ပရောဂျက်မန်နေဂျာ အရင်ပြောပါစေ။)
Credit: Original Writer
ရှဉ့်ညိုလေး
https://web.facebook.com/authorshintnyolay/
မူလေရးသားသူအား Credit:
ရွဥ့္ညိဳေလး
https://web.facebook.com/authorshintnyolay/
Comments
Post a Comment