လောကသာရပျို့
လောကသာရပျို့
၁၇။ လေးကျွန်းထိပ်ခေါင်၊ မြင်းမိုရ်တောင်နှင့်၊ ချိန်ဆောင်နှိုင်းလည်း၊
အတိုင်းမသိ၊ ကျေးဇူးရှိသည်၊ အမိကားတိုက်၊ သိုက်ကားမယား၊ သားနွယ်အဆက်၊ ခက်လက်မျိုးဆွေ၊
ကျွန်ခြွေရွေနှင့်၊ အုပ်ထွေမကွဲ၊ လူခပဲကို၊ ဆင်းရဲပျောက်ပယ်၊ ချမ်းသာကယ်၍၊ လူဝယ်လူကောင်း၊
ဖြစ်တော်ရှောင်းဟု၊ လူပေါင်းပြောပ၊ ချီးမွမ်းရလျှက်၊ ကြောင့်ကြ ဘေးဘျမ်း၊ ဖျောက်နိုင်စွမ်းသား၊
စိတ်ဝမ်းဖြောင့်တန်း၊ ဆွေခင်ပွန်းကို၊ ချစ်ပန်းနံ့ မပြယ်စေနှင့်မင်း။
စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်
ကဗျာအမျိုးအစား - ပျို့
ခေတ် - အင်းဝခေတ်
Comments
Post a Comment