လောကသာရပျို့

လောကသာရပျို့

၁၆။ ဃရာဝါသ၊ ကိစ္စမြားမြောင်၊ လူတို့ဘောင်၌၊ အိမ်ထောင်သက်မွေး၊ ခြနှယ်မြှေးသား၊ လူရေးကျယ်စွာ၊ အဖြာဖြာကို၊ လိမ္မာအတတ်၊ ချားရဟတ်သို့၊ လှည့်ပတ်ပြီးမှ၊ ကြံတွက်ဆ၍၊ လုံ့လပင်စည်၊ အရင်းတည်လျက်၊ ခက်ရှည်ပညာ၊ ချမ်းသာအသီး၊ ကြီးစရွေ့ရွေ့၊ အဓလေ့ဖြင့်၊ မမေ့မကျန်၊ လူမှုပွန်လျက်၊ စောင်မာန်မဲ့ဆုံး၊ တော်ဖြောင့်သုံး၍၊ နှလုံးသန့်စင် ကြည်စေမင်း။

စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်

ကဗျာအမျိုးအစား - ပျို့

ခေတ် - အင်းဝခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း