နောက်ကျနေတဲ့ကောင်

နောက်ကျနေတဲ့ကောင်


စက်ဘီးကလေးစီးပြီး

မင်းရှိရာကို ငါလာခဲ့ပါတယ်

ဒါပေမယ့်

ကျောင်းတက်ခေါင်းလောင်း ထိုးခဲ့တယ်။

မီးရထားကြီးစီးပြီး

မင်းရှိရာကို ငါလာခဲ့ပါတယ်

ဒါပေမယ့်

နှစ်ဆယ့်ငါးမိနစ်သီချင်းကို ဆိုခဲ့တယ်…။

ထွားထွားကျိုင်းကျိုင်း ဆိုင်ကယ်ကြီးစီးပြီး

မော်တော်ကားကြီးစီးပြီး

လေယာဉ်ပျံကြီးစီးပြီး…။

မင်းရှိရာကို ငါလာခဲ့ပါတယ်

မင်းရှိရာကို ငါလာခဲ့ပါတယ်

မင်းရှိရာကို ငါလာခဲ့ပါတယ်…။

မီးခိုးတွေ

ပြာတွေ

ကွဲကွာခြင်းတွေ

ခွဲခွာခြင်းတွေ

မင်းရှိရာကို ငါလာခဲ့ပါတယ် အချစ်ရယ်

ဒါပေမယ့်…။

 

ရှဉ့်ညိုလေး

(၁၀.၁.၂၀၂၀ နံနက် ၁၁ နာရီ ၁၇ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း