သူဇာပျို့

သူဇာပျို့

၁၅။ ခြောက်ပါးပေါင်းဖော်၊ သွားလိုသော်လည်း၊ ရှုမြှော်ကြင်နာ၊ ဘသည်းချာသည်၊ သူဇာမင်းငယ်၊ နေရစ်မယ်ဟု၊ ဘုန်းကြွယ်ဒေဝ၊ မိန့်တော်ဟသော်၊ ကျွန်မလည်းရှင်၊ လိုက်ချင်စိတ်က၊ ရှိပါလှဟု၊ ညွတ်ခတောင်းပန်၊ ထပ်လျှောက်ပြန်၍၊ အလွန်ငါးရာ၊ သုံးထောင်ပါသည်၊ ရံကာဝန်းပတ်၊ လှမြတ်စံထား၊ ခုနှစ်ပါးတို့၊ ထူးပြားတန်ဆာ၊ ရတနာတိ၊ ရှေးခါကထက်၊ လွန်ကဲတက်၍၊ ပြိုးပြက်ရောင်ထင်၊ တန်ဆာဆင်လျက်၊ သဘင်ယဉ်နု၊ သီတုဒက၊ လွန်လှသာယာ၊ ကန်မြတ်မှာသို့၊ သက်လှပည်းဖြင့်၊ ရွှင်မြဲရွှင်၍၊ ဆင်ယင်ပန်းမန်၊ ချိန်သင့်တန်သော်၊ ဘုန်းဝှန်ထွတ်တင်၊ ဘခင်နတ်ကျော်၊ မယ်တော်နတ်ထက်၊ မျက်တော်ထွက်၍၊ ဖြူညက်နုနု၊ တစုထိပ်ခေါင်၊ ရွှေတောင်ရှေ့ရှူ၊ ပြန်တော်မူဟု၊ ကြည်ဖြူညွတ်တုပ်၊ ကိုယ်လုပ်တော်များ၊ လျှောက်သောအားဖြင့်၊ များသည်ရွေဘော်၊ စုရုံးဆော်၍၊ တိမ်ပေါ်မြင့်ဖြူ၊ ပျံယူးယူးဝယ်၊ ဘီလူးအလား၊ မူဆိုးသားလျှင်၊ ချုံကြားကသာ၊ ထွက်တည့်လာ၍၊ တေဇာကြီးလှ၊ ဒိဗ္ဗပါသ၊ မည်ရတွင်းခြင်း၊ နတ်ကျော့ကွင်းနှင့်၊ လျင်ပြင်းတည့်တည့်၊ ပစ်လွှတ်ထည့်သော်၊ ရွှေမည့်ဆင်းဝါ၊ မင်းသူဇာ၏၊ လက်ယာလက်လှ၊ ဖြူရွရွကို၊ လှမြဲအနေ၊ ပတ်မိလေသည်။ ။မပြေခတ်သော့ မယွန်းတည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း