စံရှားတဲ့ခင်

စံရှားတဲ့ခင်

အတုလွန် တင်တင်တင့်
ယဉ်ယဉ်ယဉ့် တဆူ
ခင်ခင်ခင့် အမူ
မြင်မြင်သူ မနော။
ကြွေကြွေ့ကြွေ ဝေဝေ့ဝေတယ်
သေသေ့သေ ဇောပြတ်လို့မော။

ဥုံဥုံဥုံ့ မာဒန္တီလို
စာကြန်ညီ သဘော
ကြာဟန်ချီ အချောမတော့
တလောက ကမ်းကုန်။
မြေမြေ့မြေ မြေအလုံး
ကေကေ့ဘုန်း ဂိုဏ်းသတ်လို့ခြုံ။

ပြေပြေ့လို့ ဆွေဆွေ့ခုန်သည်
ရွှေရွှေ့မှုံ အသားနှင့်
တစ်ပါးတင့် ကြန်ကြန့်ကြန်
ငါးပဉ္စလျှံ
ပတ္တမြား မှန်မှန့်မှန်ငယ်
စံစံ့စံ စံရှားခင့်လေး။

စာဆိုရှင်အမည် - တောင်သမန်လယ်စား မောင်ဖေငယ်

ကဗျာအမျိုးအစား - တေးထပ်

ခေတ် - ကုန်းဘောင်ခေတ်

 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ရသစာတမျး

ကျွန်တော်နှင့် OG Ward