သူဇာပျို့
၄၄။ လက်ရုံးအာဏာ၊ ပညာတုကျွန်း၊ ယဉ်ရွှန်းနုမြေ့၊ ဘုန်းလောက်လွေ့သည်၊ အိမ်ရှေ့သခင်၊ ထိပ်ထားရှင်လည်း၊ များဖြင်အထု၊ ယဉ်မျိုးစုသည်၊ ရွှေဥရတနာ၊ သူဇာစံခန်း၊ တဲတော်နန်းသို့၊ ရွှင်လန်းသာပျော်၊ ရောက်လေသော်တည့်၊ မူးမော်လွန်ပြင်း၊ တင်းထိမ်တွင်းသို့၊ ချက်ချင်းအလျင်၊ ကြွတည့်ဝင်၍၊ မထင်ပုံထုံး၊ စိတ်နှလုံးကို၊ စုရုံးကြွင်းမဲ့၊ ယူဘိကဲ့သို့၊ ယဉ်နွဲ့မူရာ၊ မယ့်ဆင်းဝါကို၊ ပွင့်လျာဗောဓိ၊ မြင်သည်ရှိသော်၊ ပီတိဖရဏာ၊ ဟုန်သည်းစွာ၍၊ မေ့ကာသတိ၊ ရပ်ထိုင်းရှိမှ၊ ခဏကြာလျှင်၊ မင်းရှင်နေရာ၊ နှစ်ထွာထုစွင့်၊ မွေ့ရာမြင့်သို့၊ ဘုန်းပွင့်လှိုင်ဝေ၊ တက်နေလေသော်၊ ကြက်သရေဝင်းဝါ၊ မင်းသူဇာကား၊ ပျာပျာထိတ်မျှ၊ ရှက်ကြောက်လှ၍၊ ဝမ်းကလှိုက်ကာ၊ မျက်နှာမရဲ၊ ရုတ်ခြည်းလွှဲ၍၊ နွှဲနွှဲလက်ရွှေ၊ ထောက်လျက်နေက၊ ရံရွေခစား၊ စေပါးများလည်း၊ လိုက်လားသိထွေ၊ ရှောင်နေလေ၏၊ ဘုန်းနေကွန့်ဖြာ၊ နန်းပွင့်လျာလည်း၊ ကလျာငါးအင်၊ မင်းလှရှင်၏၊ ဖြူစင်နုရွ၊ ခြေကစသည်၊ စိမ်းမြညိုရောင်၊ ဆံတိုင်အောင်လျှင်၊ ဝင်းပြောင်လျှံမြူး၊ နောက်ပြင်ကျူးကို၊ ရှူမူးမိန်းလှည့်၊ တက်သက်ကြည့်သော်၊ မြူရှည့်ပြစ်ခြည်၊ မထင်သည်ကြောင့်၊ ဆောက်တည်မရ၊ လက်ခြေရွသည်။ ။ ထိန့်မျှကိုယ်လုံး ရိုက်၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment