သူဇာပျို့

သူဇာပျို့

၄၆။ ပိုက်ဘက်လျှင်ပင်၊ ထွတ်တင်နန်းလျာ၊ မိန့်သည်မှာကား၊ မသာ-မကြည်၊ မျက်မူနည်ပင်၊ ယဉ်သည်တဆန်း၊ နုပြန်ရွှန်းသည်၊ ပွင့်လန်းပန်းနှယ်၊ မင်းရှင်ငယ် ...၊ လည်ဝယ်အမြဲ၊ ရစ်ခွေဆွဲ၍၊ ယှဉ်နွှဲစုံမက်၊ ရာကျော်သက်လျှင်၊ ချစ်ဘက်တူရှည်၊ ပျော်ရမည်ကြောင့်၊ သို့သည်ရပ်မှာ၊ ဝေးကျူးရာက၊ ကြုံလှာထူးလည်၊ ကြိုက်ပေသည်ကို၊ မြဲတည်ဧကန်၊ ကျွန်ုပ်ကျွန်သည်၊ အလွန်ကျူးလှ၊ သက်ပင်မျှလည်း၊ မရနှုန်းရာ၊ ချစ်ကြင်ပါသည်၊ အာကာတိမ်ထွတ်၊ ကောင်းကင်လတ်က၊ မာရ်နတ်သည်းချာ၊ ပင်ပေါ်လှာလည်း၊ ပမာမထောက်၊ မင်းလှအောက်သာ၊ ဖြစ်ပါစိမ့်မည်၊ မည်သည်ကိုမျှ၊ မင်းရှင်လှသည်၊ ကြောင့်ကြဆံလွှာ၊ မစွန်းပါနှင့်၊ ဝင်းဝါပြောင်ရွှန်း၊ ရွှေတောင်နန်းဝယ်၊ ချစ်ပန်းလှိုင်ကျော်၊ ခမည်းတော်နှင့်၊ စံပျော်တကွ၊ မယ်တော်မျှလည်း၊ မကပိုက်ထုပ်၊ ကျွန်ုပ်တို့မှာ၊ မေတ္တာကျူးကျော်၊ ဘုန်းတော်ကြီးလှ၊ ဘုရားစသည်၊ နန်းမဘုရား၊ များသည်ဆွေမျိုး၊ ပန်းနှယ်ပျိုး၍၊ မြတ်နိုးညီညာ၊ ချစ်ပါလိမ့်မည်၊ မြင့်သည်ယူဇနာ၊ စောက်နှစ်ရာသား၊ ဟေမာဂီရိ၊ မည်ရှိနာမ၊ ရွှေတောင်မျှကို၊ မင်းလှရွှေစည်၊ စိုးစံသည်လည်း၊ ကြံစည်ထောက်ချင့်၊ မလျော်သင့်ပါ၊ အောင်ချာပတ်ကုံး၊ ဇမ္ဗူလုံးကို။ ။ ယူကျုံးစိုးစံ ထိုက်၏တည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း