သူဇာပျို့
၄၅။ ကိုယ်လုံးထိန့်မျှ၊ တုန်ရိုက်ကလျှင်၊ လက်လှသန္တာ၊ နုဖြူဝါကို၊
ဆိတ်စာသာကြည်၊ ကိုင်တော့မည်ဟု၊ ဆောက်တည်မှတ်နေ၊ ကိုင်တည့်ချေသော်၊ ထူးထွေကျူး၍၊
နတ်အတွေ့ကြောင့်၊ ချမ်းမြေ့ကိုယ်လုံး၊ ပတ်ကုံးစိမ့်စိမ့်၊ ကြောခြင်ငြိမ့်မျှ၊
နှစ်သိမ့်မိန်းမော၊ စောလျက်မှိုင်ကာ၊ မနည်းကြာလှ၊ လွန်စွာပြင်းလှ၊ တပ်-ရာဂဖြင့်၊
ယုယစုံမက်၊ ပြေးတည့်ဘက်လျှင်၊ အဆက်များစွာ၊ သံသရာက၊ လှူဒါပုည၊ ကံဆုံကြ၍၊
ချစ်ရတော့မည်၊ မှန်ပြီးသည်ကို၊ ဖြူကြည်မွတ်စင်၊ နုရွှန်းရွှင်သည်၊
မင်းရှင်မျက်တော်၊ ထွက်ရှိသော်လည်း၊ ထွေငေါ်ပြင်းပြ၊ မိန့်သမျှကို၊ ခံရတော့မည်၊
တည်ကြည်စောင့်ရုပ်၊ မချုပ်နိုင်ပါ၊ မေတ္တာမိုးမျှ၊ မြေမက၍၊ ဖြစ်ရတော့မည်၊
မင်းရွှေရည်ဟု၊ ဖြေဆည်ဆီးကြို၊ ဆောလျင်ဆို၍၊ မွှေးချိုဘယ်ညာ၊ ပါးနုဝါကို၊
သက်ပါလှုယူး၊ ရှုပ်ရှူကျူး၍၊ မူးမျှမိုက်မိုက်၊ ပန်းတော်ဟိုက်၏၊ ယဉ်မြိုက်နုရွှင်၊
မင်းလှရှင်လည်း၊ မကျင်ကျွမ်းပါ၊ ပူဆာဝမ်းက၊ ရှက်ကြောက်လှ၍၊ စီးကျမျက်ရည်၊
ငိုလှုမည်နှင့်၊ ဆိုမည်နှုတ်က၊ ဟလည်းမထွက်၊ ရှူသက်မသာ၊ ရုန်းရင်းရှာလည်း၊
ဘုန်းဝါတောက်လည်၊ နန်းပွင့်ရည်မှာ၊ မျက်ခြည်မထွက၊ မလွှတ်ရက်၍၊ စွဲမက်လွန်ကဲ၊
တလဲလဲသည်။ ။ ဆုပ်ဆွဲဘက်ပြန် မိုက်၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment