လောကသာရပျို့
၄၆။ အခါတပါး၊ မြင်းမိုရ်ဖျားဝယ်၊ သကြားနေရာ၊ စစ်ထိုးလာသား၊
ပြင်းစွာအရှိန်၊ အသူရိန်ကို၊ ဒေဝိန်သက္က၊ စီးချင်းချ၍၊ ဒေဝသဘာ၊ သုဓမ္မာဟု၊ သာသည်စရပ်၊
အမိုးရပ်တွင်၊ နှောင်ကြပ်အမြဲ၊ တုပ်၍ဆွဲသော်၊ ဆဲဆဲရေးရေး၊ ဟစ်ကြွေးရေရွတ်၊ တတွတ်တွတ်လျှင်၊
အပတ်တကုတ်၊ ကြမ်းကြုတ်စကား၊ နတ်မင်းဖျားကို၊ နွားနှင့်အတူ၊ ငရဲသူဟု၊ ကလူကစာ၊ ဆဲရေးရှာလျက်၊
မျက်မထွက်တည့်၊ ဆိုဘက်မထိုက်၊ ယင်းသူမိုက်ဟု၊ မှတ်ပိုက်သောထွေ၊ သည်းခံပေ၏၊ ရွှေမြေရပ်စည်၊
ရွှေနန်းတည်သား၊ နတ်ပြည်သနင်း၊ သကြားမင်းလျှင်၊ ခံခြင်းသည်းညည်း၊ အမျက်နည်း၍၊ ရေကြည်းတောတောင်၊
အာဏာဆောင်သား၊ ဘုန်းခေါင်ထွန်းလင်း၊ လူတို့မင်းကား၊ ပုံခင်းကျမ်းလာ၊ ထိုထိုစာ၍၊ ပြင်းစွာအမျက်၊
မထွက်ဘို့ရာ၊ ချုပ်မြစ်သာလော့၊ ပညာတိုင်တည်း၊ မျက်မာန်နည်းမူ၊ လူလည်းချစ်မော၊ နတ်လည်းပြော၍၊
ကျော်စော ကောင်းခြီးငြာစေမင်း။
စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်
ကဗျာအမျိုးအစား - ပျို့
ခေတ် - အင်းဝခေတ်
Comments
Post a Comment