ဘဝသင်ခန်းစာ(၂၀)


ဘဝသင်ခန်းစာ(၂၀)

                      တစ်ခါတုန်းက ပညာရှိကြီးတစ်ဦးက ဟောပြောတဲ့ခန်းမတစ်ခုအတွင်းမှာ နားထောင်နေတဲ့ ပရိတ်သတ်ကို ဟာသ တစ်ခုပြောနေတယ် ။
နားထောင်သူတွေအကုန်လုံးက ကျယ်လောင်စွာ အားလုံး ရယ်မောလိုက်ကြတယ် ။ ရယ်မောသံတွေ တိတ်သွားတဲ့အခါ သူက အဲဒီဟာသကိုပဲ ထပ်ပြောတယ် ။ အဲဒီအချိန်မှာလိုက်ပြီးရယ်မောတဲ့သူ အနည်းငယ်ပဲရှိခဲ့တယ် ။ နောက်တစ်ကြိမ် ပညာရှိကြီးက အဲဒီဟာသကိုပဲ ထပ်ပြီးပြောပြန်တယ် ။ အဲဒီအခါမှာတော့
ခန်းမတစ်ခုလုံးမှာ ရယ်မောတဲ့သူတစ်ယောက်မှမရှိတော့ပါဘူး ။ ပညာရှိကြီးကပြုံးပြီးပြောတယ် ။
“ ခင်ဗျားတို့ ဟာ သတစ်ခုကို ကြားတဲ့အခါ ပထမအကြိမ်ရယ်မောကြတယ် ဒုတိယနဲ့ တတိယအကြိမ်တွေ ထပ်ခါထပ်ခါ ကြားရတဲ့အခါ မရယ်ကြတော့ဘူး ဟာသကိုတောင် ထပ်ခါ ထပ်ခါ မရယ်မောချင်ကြတဲ့ ခင်ဗျားတို့ဟာ ၀မ်းနည်းစရာကိစ္စတွေကိုရော ဘာကြောင့် ထပ်ခါထပ်ခါ ငိုကြွေးနေကြမလဲ


(PS: သိပ်ကြိုက်တဲ့ သီချင်းတောင် နှစ်ခါ၊ သုံးခါပဲ ဆက်တိုက်ဖွင့်လို့ကောင်းတယ်။ မနှစ်သက်စရာကိစ္စတွေကို Repeat မလုပ်မိပါစေနဲ့...)

မူရင်းရေးသားသူအား Credit:

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း