စကားပြောခြင်း




စကားပြောခြင်း

စကားပြောမည်ဆိုလျှင် အနည်းဆုံး နားထောင်ပေးမည့်သူ တစ်ဦးတစ်ယောက် ရှိနေဖို့ လိုပါသည်။
          တချို့တွေအတွက် ပြောစရာစကားတွေက များပြားသည်။ တချို့တချို့တွေအတွက်တော့ ရှားပါးသည်။

          ပြောစရာစကား ပေါများလွန်းသည့် သူများမှာပင် နှစ်မျိုးထပ်ကွဲသွားပြန်သည်။ လူတစ်ဦးထက်မက ဝိုင်းဖွဲ့နားထောင်ပေးစေလိုသူနှင့် နားထောင်ပေးမည့်သူ တစ်ဦးတစ်ယောက် ရှိလျှင်ပင် အမျှင်မပြတ် ပြောနိုင်သူဟူ၍ ထပ်ခွဲနိုင်မည် ထင်သည်။
          ထိုအမျိုးအစားနှစ်ခုထဲမှ တစ်ဦးမှာ ကျွန်တော့်အဖေဖြစ်၍ ကျန်တစ်ဦးမှာ ကျွန်တော်ဖြစ်သည်။ ဖေဖေက စကားပြောလျှင် ဝိုင်းဖွဲ့နားထောင်ပေးမှ ကြိုက်သူဖြစ်၍ ကျွန်တော့်မှာ နားထောင်ပေးမည့်သူ တစ်ဦးရှိလျှင်ပင် အဆင်ပြေသူ ဖြစ်သည်။ ပြောစရာစကား ရှားပါး၍ ကြည့်စရာဇာတ်ကား များပြားသူမှာ ကျွန်တော့်အမေနှင့် ကျွန်တော့်မဒီစံ ဖြစ်လေသည်။ နှစ်သစ်၏ ပထမဆုံးရက်တွင် ထိုသူလေးဦးဆုံ၍ စကားဝိုင်းဖွဲ့ပြောသောအခါ … ။
          ယခု ဤစာကို ရေးသောအချိန်သည် နံနက် (၁း၂၃) မိနစ် ဖြစ်သည်။

ရှဥ့်ညိုလေး
၂.၁.၂၀၁၉ နံနက် ၁း၂၃ မိနစ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း