ဒီနေ့မှာ...




ဒီနေ့မှာ...

ကောင်မလေးရေ
နင်ရော ဆယ်ဖီဆွဲဖြစ်လား
ဟိုဒီသွားဖြစ်လား
ဘာညာသာရကာ လုပ်ဖြစ်လား
မထူးဆန်းတဲ့ အစားအစာတွေကို
ထူးထူးဆန်းဆန်း စားဖြစ်လား

နင်ရှိတဲ့ အရပ်မှာ မိုးတွေရွာရဲ့လား...။
ငါတို့ဆီမှာ
မိုးမရွာဘူး...
လေမတိုက်ဘူး...
နှင်းမကျဘူး...
အိပ်ယာနိုးတော့
မျက်လုံး မဖွင့်ခင်
သတိရတယ် နင့်ကို...
သွားတိုက် မျက်နှာသစ်
သတိရတယ် နင့်ကို...
အဝတ်လဲ မုန့်စား
သတိရတယ် နင့်ကို
အချိန်စေ့တော့ ရုံးသွား
သတိရတယ် နင့်ကို...
အလုပ်တစ်ခုနဲ့ တစ်ခုကြား
တစ်ယောက်နဲ့ တစ်ယောက်ကြား
စားရင်း
သွားရင်း
လာရင်း
ငေးရင်း
မောရင်း
ရယ်ရင်း
ပြုံးရင်း
ဖြတ်ခနဲ...ဖြတ်ခနဲ
ကြယ်တွေလက်သလို
ငါ နင့်ကို သတိရတယ်...။
မနေ့ကလည်း ဒီအတိုင်းပဲ...
ဒီနေ့ဟာလည်း ဒီအတိုင်းပဲ...
နောက်နေ့ဟာလည်း ဒီအတိုင်းဖြစ်မှာပဲ...။
ထပ်ပြောပြမယ်
ဒီနေ့မှာ
ငါ နင့်ကို သတိရတယ်...။

ရှဥ့်ညိုလေး
(၁၉.၇.၂၀၁၇ ည(၇)နာရီတိတိ)
https://www.facebook.com/authorshintnyolay

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း