မနေ့ကအတွက် ရေးတဲ့စာ


မနေ့ကအတွက် ရေးတဲ့စာ

          ဒီစာဟာ မနေ့ကအတွက် ရေးတဲ့စာဖြစ်တယ်။ မနေ့ကဆိုတာ မရှိတော့ဘူး။ ဒါပေမယ့် မနေ့ကအလုပ်တွေကတော့ ရှိနေဆဲပဲလေ။

          အတိတ်ဆိုတာ ပြီးသွားပြီဆိုပေမယ့် အတိတ်က မလုပ်ခဲ့တဲ့ အလုပ်တွေ၊ အကျိုးဆက်တွေကို ဒီနေ့ ပစ္စုပ္ပန်မှာ လုပ်ဆောင်နေရဆဲ၊ လက်ခံနေရဆဲ ဖြစ်တယ်။
          ဒါဟာ သင်ခန်းစာ မကျေခဲ့ကြလို့ ဒါမှမဟုတ် အိမ်စာပြီးအောင် မလုပ်ခဲ့ကြလို့ပဲလေ။
          ဒီနေ့ဆိုတာ မနေ့ကကို တည်မှီပြီးဖြစ်လာတာပဲ။ မနေ့က အလုပ်တွေ ပြီးစီးခဲ့ရင် ဒီနေ့ အသစ်အသစ်တွေကို ဖန်တီးနိုင်မယ်။ မပြီးခဲ့ဖူးဆိုရင်တော့ အဟောင်းတွေကို ဆက်လုပ်နေရဦးမှာ ဖြစ်သလို နှစ်ဆမက ပင်ပန်းနိုင်တာကိုလည်း သိထားသင့်တယ်။
          ဒီစာဟာ မရေးဖြစ်ခဲ့တဲ့ မနေ့ကအတွက် ဒီနေ့ရေးဖြစ်ခဲ့တဲ့ စာ ဖြစ်တယ် … ။

ရှဥ့်ညိုလေး
(၃.၁.၂၀၁၉ နံနက် ၇း၄၀ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း