လောကသာရပျို့
လောကသာရပျို့
၁၃။ ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊
အငယ်သော်က၊ ကြိုးလုံ့လလျှက်၊ တုပ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ စာပေတတ်ကြောင်း၊
တချောင်းချောင်းလျှင်၊ ခြိမ်းမောင်းသည်းခံ၊ ဆရာ့ထံ၌၊ သင်အံ့ကျက်လေ့၊ တစ်နေ့တစ်ပါး၊
မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူးသန့်ရှင်း ကြွယ်စေမင်း။
စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်
ကဗျာအမျိုးအစား - ပျို့
ခေတ် - အင်းဝခေတ်
Comments
Post a Comment