သူဇာပျို့
၉။ ဂုဏ်ယုံပုဏ္ဏား၊ ကန်ကမ်းဖျားထက်၊ ရွှင်အားဝမ်းသာ၊
ရိပ်မိကာနှိုက်၊ မည်သာကက္ခ၊ လိစ္ဆတွင်ပြီး၊ မူဆိုးကြီးလည်း၊ ကျော်ချီးလွတ်တု၊
သတ္တိရုဇေယျ၊ ရသည်မည်သာ၊ လေးကြီးစွာနှင့်၊ မကြာရွတ်ရွတ်၊ ပစ်သတ်တည့်လေ၊
ပုဏ္ဏားသေသော်၊ ဘုံရွှေသခင်၊ ရေနတ်ရှင်လည်း၊ သာရွှင်စိတ်ဝမ်း၊ လွန်ငြိမ်းချမ်း၍၊
ချစ်ကျွမ်းမြတ်နိုး၊ ဆွေမူဆိုးအား၊ နဂါးပြည်ရွာ၊ ဆောင်လေပါ၍၊ ဒိဗ္ဗာဟာရ၊ ပါဝါရက၊
စသည်ကုန်အောင်၊ နတ်သုံးဆောင်ဖြင့်၊ ဝန်းမြှောင်ဖြေဖျော်၊ လုပ်ကျွေးသော်လည်း၊
မပျော်လှည့်လို၊ သွားမည်ဆိုသော်၊ မြဲးသိုထုပ်ပိုး၊ အဘိုးထိုက်စွာ၊ ရတနာတိ၊
များစွာရွှေငွေ၊ ပေးလိုက်ပေပြီး၊ မှုကြီးကိစ္စ၊ ခဲအင်လှသော်၊ အဘငါ့မှာ၊
ဆိုလှည့်ပါဟု၊ သယာယံခြေ၊ မှာပေပြီးမှ၊ ပို့လိုက်ကြ၏၊ ကက္ခလိစ္ဆ၊ နေသာဒလည်း၊
ရွှင်ပျနေနား၊ သားမယားနှင့်၊ ပျော်ပါးပြီးလျှင်၊ လေးမြားပြင်လျက်၊ တောခွင်လည်၍၊
သက်မွေးလေ့ဖြင့်၊ ပျာမွေ့သားငါး၊ ရှာလေသွားသော်၊ စုံပြားမြိုင်သာ၊ ဟိမဝါဝယ်၊
သုဒ္ဓါစာရ၊ တွင်မည်ရသည်၊ သီလချမ်းမြေ့၊ ရသေ့သင်ခမ်း၊ ကျောင်းသားဝှမ်းကို၊
ကြောင်းလမ်းသင့်ထွေ၊ ရောက်ကြိုက်လေ၏၊ တွေ့ချေသို့လျှင်၊ ကျောင်းသို့ဝင်၍၊
ပန်းပင်ဖြေဖြေး၊ တန့်နားနေသည်။ ။ သောက်ရမြိန်ရှက် နိုး၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment