ဆရာ အကြည်တော်
ဆရာ အကြည်တော်
သူငယ်ချင်း ကိုထိန်ပေးဖတ်လို့ ဆရာ့ရဲ့ ဘီလူး စာအုပ်ကို စဖတ်မိခဲ့တယ်။ အသံထွက် ဟာသ စာအုပ်ပါပဲ။ ဖတ်နေရင်းနဲ့ မကြာခဏ အသံထွက်ပြီး ရယ်နေရလို့။
နောက်တော့ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်။ ရွှေမိုးသည်း။ စိတ်ထဲ စွဲစွဲထင်ထင်တွေပါပဲ။
ဆရာ့စကားတစ်ခွန်းက အားဖြစ်စေခဲ့ပါတယ်။ နောက်တော့ ဆရာက ကျွန်တော့်စာအုပ်ထဲမှာ လက်မှတ်ထိုးပေးရင်း ဖုန်းနံပါတ်ပါရေးပေးခဲ့တယ်။ ရန်ကုန်ရောက်တဲ့အခါ ဆက်သွယ်ပါတဲ့။ ဘယ်လောက်ချစ်ဖို့ကောင်းသလဲ။
ဆရာ့ဟောပြောပွဲအခွေလေးတွေ နားထောင်ဖြစ်ပါတယ်။
တလောက ဆရာနေမကောင်းလို့ ဆေးကုနေရတဲ့သတင်းတွေ တက်လာတယ်။ နေပြန်ကောင်းသွားမှာပေါ့လို့ ကျွန်တော်တွေးလိုက်မိတယ်။ ဆရာက လွယ်လွယ်နဲ့ ဘယ်သေပစ်မှာလဲ။
ဆရာ့အတွက် ဆရာ့ညီဆိုထားတဲ့ သီချင်း နားထောင်ရတယ်။ စိတ်ထိခိုက်ပေမယ့် နေပြန်ကောင်းလာမှာပါလို့ပဲ ကျွန်တော်ယုံနေသေးတယ်။
ကျွန်တော့် (Page) မှာ ရယ်စရာပို့စ်တစ်ခုခုတင်မလို့ (Computer) ရှေ့ထိုင်လိုက်တယ်။
စာရေးဖော် ညီမငယ် မနန်းယုတင်ထားတဲ့ပိုစ့်တွေ့ပြီး ... ။ စိတ်ထဲမှာ ကြေကွဲလိုက်တာ ဆရာ။
ဆရာ သော်တာဆွေ
ဆရာ နီကိုရဲ
အခု ဆရာ အကြည်တော်။
ဟာသတွေ ရှားလာတယ်။ ဟာသ စာရေးဆရာတွေ ပိုရှားလာတယ်။
ဆရာတို့ဟာ ကမ္ဘာမြေအတွက် လာခြင်းကောင်းခဲ့ သူတွေပါ။
ဆရာတို့ ပြန်သွားတဲ့အခါ ကျွန်တော်တို့အားလုံး လွမ်းဆွတ်နှမျောရပါတယ်။ ဆရာ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။
ရှဉ့်ညိုလေး
(၉.၁၁.၂၀၂၂ ည ၁၁ နာရီ ၄၄ မိနစ်)
Comments
Post a Comment