ဆရာစံသို့

ဆရာစံသို့

        စံ-ဇာနည်ဘို လူလည်လုပ်ခြင်းလို့ ခေါင်းစဉ်တပ်မကောင်းလို့ ဆရာစံသို့လို့ ခေါင်းစဉ်တပ်လိုက်တယ်။ သူ့အဟောလေးတွေ သဘောကျလို့ ၁၂ရာသီဟောကိန်း စာအုပ်လေးတွေကို ၂၀၀၇ လောက်ကတည်းက ဝယ်ဖတ်ဖြစ်တယ်။ ၂၀၁၂ လောက်ပဲ မဝယ်ဖြစ်တာ ထင်ပါတယ်။ တချို့နှစ်ဆို မဒီစံ ဝယ်ပေးတာရော၊ ကိုယ့်ဘာသာ ဝယ်ဖြစ်တာရော နှစ်အုပ်ဖြစ်သွားတတ်သေးတယ်။ ဒီနှစ်ဝယ်တော့ ရာသီဖွားအဟောမှာ ခါတိုင်းလို့ ပထမ မေထုန်တို့၊ ဒုတိယ မေထုန်တို့ ရာသီဖွားကွဲပြားတာလေးတွေ မပါတော့ဘူး။ နောက် ၂၀၂၃ အတွက်ဝယ်ပေမယ့် ၂၀၂၂ နိုဝင်ဘာအဟော၊ ဒီဇင်ဘာအဟော မပါတော့ဘူး။ ခါတိုင်း ပါတယ်။ ကိုယ်နေဟန် သဘာဝ မပါတော့ဘူး။ နိဂုံးချုပ်မပါတော့ဘူး။ တစ်နှစ်တာ ဆောင်ရွက်ရန် မပါဘူး။ ရာသီခွင် ဒဏ္ဍာရီ မပါတော့ဘူး။ သူရောင်းမယ့် အဆောင်လက်ဖွဲ့ကြော်ငြာတော့ (၁၆) ရွက်တောင် ပါတယ်။ (၃၂)မျက်နှာပေါ့။ အချိန်အခါအရ ဈေးတက်သွားတာ သဘောကျပါတယ်။ ပါနေကျ အကြောင်းအရာတွေဖြုတ်ပြီး ရောင်းစားမယ့် အဆောင်လက်ဖွဲ့တွေအကြောင်း စာမျက်နှာများသွားတာကျ သဘောမကျတော့ဘူး။ ဈေးတက်ယူလည်း ပါနေကျလေးတွေ ချန်မထားသင့်ဘူးမဟုတ်လား။ ဒီစာကို ရင်ခံလို့ ရေးလိုက်တာပါ ဆရာစံ။
ရှဉ့်ညိုလေး
(၆.၁၁.၂၀၂၂)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း