စာစုံဖတ်ကြစို့

စာစုံဖတ်ကြစို့

               စာရေးတယ်ဆိုတာတစ်မျိုးကအမုန်းခံရေးတာရှိတယ်..။ တစ်မျိုးကပရိတ်သတ်ရဖို့ရေးတာရှိတယ်..။ တစ်ခုပဲ..။ ကိုယ့်စာပေဟာပရိတ်သတ်ရှိခြင်း မရှိခြင်းဆိုတာထက်.. ကိုယ်ဘယ်လောက်အမှန်ပြော ရဲသလဲ..ဆိုတာလည်းအရေးကြီးတယ်...။
တကယ်တော့စာရေးဆရာတွေမှာလည်းဒုက္ခဖြစ်နေကြ တာက သူ့ပရိတ်သတ်တွေက စာရေးဆရာတွေအချင်းချင်းပဲရှိနေတယ်..။ဒါလည်းမပြောသာဘူး လေ။ ဂျာနယ်ခေတ် အွန်လိုင်းခေတ်မလား..။ ဒါပေမယ့်ဝင်းဝင်းလတ်က ယောကျာ်းတွေပြန်လည်မပေါ်မီခေတ်က ချစ်တဲ့သူလို့ရေးတယ်ဆိုရင်...စာရေးသူတွေက စားရေးဆရာတွေပြန်လည်မပေါ်မီခေတ်ကရေးတဲ့ သူလို့သာ ပြောလိုက်ချင်တော့တယ်..။ ဟုတ်တယ်..။ တကယ်တော့စာရေးခြင်းနဲ့ရပ်တည်ဖို့ဆို တာမြန်မာပြည်မှာဆင်းရဲမွဲတေမှုပပျောက်မှပဲရလိမ့်မယ်.။ စာမဖတ်တာဆင်းရဲလို့တဲ့..။ အိုကေ..ဆင်းရဲတာကလည်းစာမဖတ်လို့ပေါ့..။ သည်လိုနဲ့ပဲအသိအမြင်တွေ ပညာရပ်တွေဟာပ ပျောက်သထက်ပျောက်လာလို့..၊ လူတွေကလည်းပညာတတ်တွေသာဆိုတာ..၊ ရမ်းသမ်းဝါဒဖြန့်နေတာတို့..၊ထစ်ခနဲရှိဆန္ဒပြတာတို့..၊အဲမှာတင်ဆုံလည်နွားပမာသံသရာလည်နေ တာပဲ..။ အဲဒါတွေအတွက်က စာများများဖတ်ဖို့ပဲလိုတယ်..။ ပညာတတ်တာဘွဲ့ရတာနဲ့ ဆင်ခြင်နိုင်စွမ်း critical thinking ရှိတာမတူပါဘူး။ ပညာတတ်ဘွဲ့ရတွေမှာတောင် ..စည်းကမ်းမဲ့ ပရမ်းပတာပြောဆိုမှုတွေရှိနေသေးတာပါပဲ..။ Critical thinkingကအရေးကြီးပါတယ်..။ အဲဒါကို သင်ပေးလို့မရပါဘူး..။ အဲဒါဟာမိမိဘယ်လောက်စာဖတ်နာတယ်ဆိုတာနဲ့ပဲတိုင်းပါတယ်...။ မြန် မာတွေစာများများဖတ်ကြပါ..။ ရုပ်ရှင်များများကြည့်ကြပါလို့တိုက်တွန်းလိုပါတယ်..။သူများယောင် တိုင်းလိုက်မယောင်ကြပါနဲ့..။ အရိုးဆွေးတဲ့အထိကော်ပီရိုက်ဒ်မရှိမှာကိုစိုးရိမ်မိလို့ပါ..။ စာဖတ်ခြင်း ကနေ အသိပညာရော ဆင်ခြင်းနိုင်စွမ်းရောပါရရှိနိုင်ပါတယ်..။ အင်္ဂလိပ်စာကိုလည်းအထူးလေ့လာဖို့လိုပါတယ်..။ ခုခေတ်မှာ အင်္ဂလိပ်စာကိုအတားအဆီးမဖြစ်စေချင်ပါဘူး။ ဘယ်သူမှတော့မွေးကတည်းက စာတတ်တာမဟုတ်တာမို့ ကြိုးစားရင် အသက်အရွယ်ကြီးဦးတော့..၊ ကျည်းပွေ့အတက်ပေါက်ဆိုသလို ပညာလိုအိုတယ်မရှိပါဘူး...။စာထဲမှာသင်တို့မမြင်နို်င်တဲ့ခရီးလမ်း တွေ..အတားအဆီးတွေ..ရှိသလိုစိတ်ဓာတ်ခွန်အားတွေနဲ့ ဗဟုသုတတွေပါပါရှိတာမို့ စာရေးသူတစ်ယောက်ရဲ့တာဝန်ကျေအောင်အမုန်းခံပြီးတိုက်တွန်းအပ်ပါ တယ်..။ မြန်မာတွေစာများများဖတ်မှ ဆင်းရဲမှုသံသရာကလွတ်နိုင်မှာမို့ ဒါဟာအရေးကြီးဆုံးသော ပထမဆုံးအချက်ဖြစ်ပါတယ်..။ မိမိစာဖတ်ခြင်းဖြင့်မိမိအသိကို တစ်ခြားလူတွေကိုလက်ဆင့်ကမ်း ပေးလို့ရပါသေးတယ်..။ သည်လိုနည်းနဲ့..သူများလွှမ်းမိုးတာ မခံ တဲ့..၊သာမန်နောက်လိုက်မဟုတ်တဲ့စိတ်ဓာတ်မျိုးနဲ့သင်ကသင့်တစ်ကိုယ်စာအတွက်အကျိုးရှိလာမယ်။ အဲကနေပြီး ဆက်ကြိုးစားရင်တော့ သင်ဟာလူတန်းစားတစ်စုကိုဖော်ကျူးမယ့် logo တစ်ခုဖြစ်လာ ပြီးခေါင်းဆောင်ကောင်းစိတ်ဓာတ်ပါရလာမှာပါ..။ ဒါကြောင့် ဘယ်စာဘာစာဖတ်ရ မယ်ဆိုပြီးမညွှန်းပါဘူး..။ ရသ သုတအစုံဖတ်နိုင်ရင်ခြေထောက်နှစ်ချောင်းနဲ့မျှခြေလမ်းလျှောက်ကြ ရသလိုပဲ သင်ဟာလည်း အကျိုးရှိသောလူသားတစ်ဦးဖြစ်နေမှာပါ...။

Credit:Lynnsatt Nwe
(၂၆.၁၁.၂၀၁၃)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း