ကြောက်ပါပြီဗျ...ဟာဟ

ကြောက်ပါပြီဗျ...ဟာဟ

   ဒီနေ့ ခပ်ကျဲကျဲဖီလင်လေး ပို့စ်နဲ့ရောတင်လိုက်တာ (Emotion)မြင့်လာတဲ့ (Comment) တွေ ပို့စ်အောက်မှာ ရောက်လာတယ်။ ကိုယ်က အပျော်ဆိုပေမယ့် တချို့တွေအတွက် တစ်ခုခု သက်ရောက်သွားတယ် ထင်ပါတယ်။ ကျွန်တော်လည်း ကိုယ့်အကောင့် ကိုယ်သုံးပေမယ့် ကြံခင်းပိုင်ရှင်ကြီးလို စာတင်ရမယ် ထင်ပါတယ်။
" ကြောက်ပါပြီဗျ ... " ပေါ့။

အားလုံး ဖတ်ဖူးပြီးသား ဖြစ်မှာပါ။ ရွာလမ်းနဘေးမှာ ကြံခင်းကြီးတစ်ခင်းရှိတယ်ဗျာ။ အဲဒီမှာ လမ်းသွားလမ်းလာတချို့က ကြံတွေ ချိုးချိုးစားသွားတော့ ကြံခင်းရှင်က မြင်သာအောင် စာချိတ်ထားလိုက်တယ်။

" ကြံတစ်ဆစ်... ထောင်တစ်နှစ် ... "

ချိတ်ပြီး ကျေနပ်သွားတယ်။ နောက်ထပ် အချိုးမခံရနိုင်လောက်ဘူးလို့လည်း ထင်သွားတယ်။ နောက်ရက် သူ့ကြံခင်းအခြေအနေသိချင်လို့ စောစော သွားကြည့်တယ်။ လူနောက်တစ်ယောက်က သူရေးထားတဲ့ စာအောက်မှာ မီးသွေးခဲနဲ့ ထပ်ရေးသွားတယ်...။

" မီးခြစ်ဆံတစ်ချောင်း ... ကြံပင်တစ်သောင်း ..." တဲ့။

အဲဒီအခါမှ ကြံခင်းရှင်လည်း စဉ်းစားမိပြီး အနားမှာ လွှင့်ပစ်ခဲ့တဲ့ မီးသွေးခဲလေးကောက်ပြီး အောက်က ထပ်ရေးလိုက်တယ်...။

" ကြောက်ပါပြီဗျ ... "

နောက်ရက်တွေမှာလည်း ကြံပင်တွေကို ချိုးစားဆဲ၊ ခိုးစားဆဲပါပဲ။ ဒါပေမယ့် ကြံပင်တစ်သောင်း ကုန်လောက်အောင်တော့ မချိုးကြပါဘူး။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၂၃.၅.၂၀၁၈ ည ၁၁း၃၉ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း