အိပ်မက်






အိပ်မက်

လမ်းဘေးပန်းတော့ မဟုတ်ခဲ့ဘူး
ရာသီလွန်မှ ပွင့်ခဲ့ရတဲ့ ပန်းရယ်ပါ။
ပွဲမဝင်ခင်ထဲက ရှုံးနိမ့်ခဲ့ရတဲ့ ကိုယ်
စင်ပေါ်တက်ခွင့် မရှိမှတော့
ဖြတ်လျှောက်အဆင့်နဲ့ ကျေနပ်ရမှာပါ။
ဘာတွေပဲ ကုန်သွား ကုန်သွား
မျှော်လင့်ချက်တွေ ကုန်မသွားဖို့ အရေးကြီးတယ်
မျှော်လင့်လို့ မရနိုင်တဲ့ အရာတွေအတွက်
မမျှော်လင့်တတ်ဖို့လည်း လိုတယ်မဟုတ်လား။
အိပ်မက်တွေနဲ့ ထုဆစ်ထားတဲ့ဘဝမှာ
မဖြစ်နိုင်တာတွေ မျှော်လင့်ရင်းမက်ခဲ့တော့
ဂယောက်ဂယက်နဲ့ အိပ်မက်ဟာ
ဆောင်းတွင်းမှာ ယောက်ယက်ခတ်ဖူးတယ်။       

(ရှဥ့်ညိုလေး၏ သစ်သီးများ)

Comments

Popular posts from this blog

ရသစာတမ်း

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward