ကိုကို့ကို



ကိုကို့ကို

ဟိုးတုန်းက တွေးခဲ့ဖူးတယ်
ကောင်းကင်ထက်
တဖြတ်ဖြတ်လက်တဲ့ကြယ်
သူများလား။
ဟိုးတုန်းက ငေးခဲ့ဖူးတယ်
လရောင်နဲ့
တဆတ်ဆတ်ခုန်ခဲ့တယ်
အချစ်များလား။
ဘာပဲပြောပြော အချစ်နဲ့ဆုံခဲ့ဖူးတယ်
အတိတ်ဒိုင်ယာရီကို တဖြတ်ဖြတ်လှန်တော့
လတ်ဆတ်တဲ့ စာတစ်ကြောင်း
ခုထိ စာလုံးပေါင်းဖတ်မိနေတုန်း
စာအုပ်ကို အသာပိတ်
မျက်လုံးကို မှေးမှိတ်လိုက်တော့
'' ကိုကို့ကို သိပ်ချစ်တယ်''
တိုးတိုးလေး ပေမယ့်
ကိုယ်ဆိုနေကြစကား
ခုထိကြားယောင်တုန်းပဲ
အိမ်ပြင်မှာ လသာနေတယ်
ကြယ်စင်တွေ ဖော်စုံပေမယ့်
ဘာပဲပြောပြော လွမ်းတယ်ကို။ ။


(ရှဥ့်ညိုလေး၏ နှလုံးသားသစ်သီးများမှ)

Comments

Popular posts from this blog

ရသစာတမ်း

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward