အက္ခရာ နှစ်လုံး ဆင့်ခြင်း

အက္ခရာ နှစ်လုံး ဆင့်ခြင်း 

စာရေးသူ=PK

မြန်မာစာပေ အရေးအသားပိုင်းကို စိတ်ဝင်တစားနဲ့ လေ့လာခဲ့တာတော့ မကြာသေးပါဘူး။ ဒါပေမယ့် အပြောအဆိုပိုင်းတော့ ငယ်ငယ်ကတည်းက အတော်လေး စိတ်ဝင်စားလို့ စကားကြွယ်နည်း စာအုပ်တွေ တွေ့တိုင်း ၀ယ်ဖတ်ဖြစ်တယ်။ သူငယ်ချင်းတွေ ကြားမှာ အမြဲ ငြင်းနေရတော့ ကိုယ်က တော်ကီကောင်းမှ သူတို့ထက် နှာတစ်ဖျား သာမယ်လေ။
ဥပမာ ဥပမေယျ တွေက ချည်ပြီး တုတ်ပြီး ပြောမှ သူငယ်ချင်းတွေက လက်ခံကြတာ ဆိုတော့ သူတို့ကို ငြင်းဖို့ဆို အချက်အလက် အတော် ရှာရတယ်။ သူတို့နဲ့ နှစ်ပေါင်း နှစ်ဆယ်နီးပါး ငြင်းလာကြတာ ဆိုတော့ တဖြည်းဖြည်းနဲ့ လက်ရည်တက်လာတာ ပေါ့ဗျာ။ ကျနော် မြန်မာစာနဲ့ ပတ်သက်ပြီး သိချင်ပေမယ့် စာအကိုးအကားနဲ့ မတွေ့လို့ လိုက်ရှာနေတဲ့ အကြောင်းအရာ တချို့ ရှိတယ်ဗျ။ အဲဒီထဲက တစ်ခုကတော့ အက္ခရာ နှစ်ထပ်ဆင့်တွေ အကြောင်းပါ။ ကမ္ဘာမှာရှိတဲ့ တိုင်းရင်းအက္ခရာ အမျိုးအစား အများကြီးထဲမှာ အက္ခရာကို နှစ်လုံးဆင့်ပြီး ရေးတတ်တဲ့ လူမျိုး မရှိသလောက် ရှားပဲ။ ဒီအက္ခရာတွေ နှစ်လုံး ဆင့်ကြတဲ့ အခါ ဘယ်လို ဥပဒေသနဲ့ ဆင့်ကြသလဲ ဆိုတာ ကျနော် လိုက်ရှာနေတာ အတော်ကြာသွားပါပြီ။ မြန်မာစာ ဌာနက ထုတ်တဲ့ စာအုပ်တွေ လက်လှမ်းမီသလောက် ၀ယ်ဖတ်တာလည်း မတွေ့။ ဆောင်းပါးတွေ ကြုံရင် ဖတ်ကြည့်တာလည်း မမြင်ဖြစ်နေတယ်။ ဒါပေမယ့် ကံကောင်း ထောက်မချင်တော့ စိန္တာမဏိ ဦးချစ်မောင် ပြုစုထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အထွေထွေ ဗဟုသုတ မာတိကာကျမ်း မှာ သွားတွေ့တော့ ကျနော် အတော် ပျော်သွားတယ်။ ဒါကြောင့် တခြား စိတ်ဝင်တစား ရှာနေတဲ့လူရော၊ မရှာပေမယ့် မြန်မာစာကို ချစ်မြတ်နိုးတဲ့ လူရော၊ မမြတ်နိုးတတ်ပေမယ့် အသုံးချနေကြရတဲ့ လူတွေရော လေ့လာနိုင်အောင် ကျနော် နားလည်သလို စီကုံးပြီး တင်ပြပေးလိုက်ပါတယ်။

မြန်မာ အက္ခရာမှာ ဗျဉ္ဇန ခေါ် ဗျည်း ၃၃ လုံး ရှိတာ လူတိုင်း သိပါတယ်။ အဲဒီ အက္ခရာတွေကို အုပ်စု ခေါ် ၀ဂ် အနေနဲ့ အုပ်စု ခွဲလိုက်ရင်
`က´ ၀ဂ် အနေနဲ့ က၊ ခ၊ ဂ၊ ဃ၊ င
`စ´ ၀ဂ် အနေနဲ့ စ၊ ဆ၊ ဇ၊ ဈ၊ ည
`ဋ´ ၀ဂ် အနေနဲ့ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ
`တ´ ၀ဂ် အနေနဲ့ တ၊ ထ၊ ဒ၊ ဓ၊ န
`ပ´ ၀ဂ် အနေနဲ့ ပ၊ ဖ၊ ဗ၊ ဘ၊ မ
* ဒါတွေကို အသံဖြစ်ပေါ်ရာ ဌာနနဲ့ မူတည်ပြီး ဌာန်ငါးပါးဆိုပြီး ထပ်ခွဲပြပါတယ်။
`အ´ ၀ဂ် အနေနဲ့ ယ၊ ရ၊ လ၊ ၀၊ သ၊ ဟ၊ ဠ၊ အ
http://myanmarsar.pikay.org
Credit:PK

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း