ကြိုး

ကြိုး

               ကျွန်တော်က စိတ်ရှုပ်တတ်ပါတယ်။ အချည်နှောင်ခံရမှာကို အကြောက်ဆုံးပဲ။ တချို့တွေက ချစ်ခြင်းမေတ္တာနဲ့၊ တချို့တွေကတော့ သံယောဇဉ်၊ တချို့တချို့တွေကျတော့ နားလည်မှု...အဲဒီကြိုးတွေနဲ့ ချည်နှောင်တတ်ကြတယ်။ ရုန်းဖို့လဲ ခက်ပါတယ်။
ပြတ်တောက်သွားရင် နာကျင်ရသလို ရစ်ပတ်လွန်းတော့လည်း အနေရခက်ပါတယ်...ကိုယ်တိုင်က အားနာမှုနဲ့ ဖြစ်တည်ခဲ့တော့ ငြင်းဆန်ခြင်းဆိုတာက ကိုယ်အမြဲတမ်းကျတဲ့ ဘာသာရပ်ပါ။ မပြောဝံ့၊ မဆိုဝံ့မို့ မ၀င့်မရဲလေး တောင်းဆိုလိုက်တယ်။ ချည်ထားတဲ့ကြိုးကလေး တစ်ရစ်တော့လျှော့...

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး

Comments

Popular posts from this blog

ရသစာတမ်း

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward