သူဇာပျို့
၂၃။ ယင်းသို့ဆိုလျှင်၊ ကြည်လင်ညွတ်ရို၊ မူဆိုးဆို၏၊
မြတ်ကိုယ်တော်လုံး ယဉ်မျိုးကျုံးသည်၊ ယဉ်ဆုံးစံတင်၊ မင်းလှရှင်...၊
မြေပြင်ကျွန်းပေါ်၊ ပတ်လွှံ့ကျော်သ်ည၊ ကျွန်တော်တို့ရှင်၊ ဘုန်းအင်ကြီးလွေ့၊
အိမ်ရှေ့ထွတ်ထား၊ ဘုရားထွေငေါ်၊ ဗျာဒိတ်တော်မှာ၊ လှကျော်ဆင်းဝါ၊ နတ်ကိုသာလျှင်၊
ဘွေရှာရစေ၊ မိန့်ရှိပေ၏၊ ထိပ်ဗွေမိုးထွတ်၊ အာကာနတ်မှ၊ အမြတ်စံတည်၊ ငါမှတ်မည်ဟု၊
ဆောက်တည်မြဲချက်၊ ဟမြွက်မိန့်လေ၊ သို့ဖြစ်ထွေကြောင့်၊ ဖြူရွဗဝင်းရွ၊
မင်းရှင်လှလည်း၊ စိတ်ချလွယ်ကူ၊ လိုက်တော်မူတော့၊ ကြည်ဖြူသာပျော်၊
လိုက်ရောက်သော်လည်း၊ တွေးခေါ်ဝမ်းက၊ ဆံခြမ်းမျှလျှင်၊ ကြောင့်ကြစရာ၊ မရှိပါဘူး၊
ရတနာစီခတ်၊ ပြဿာဒ်လျှံပြောင်၊ နန်းဆာင်ဆောင်ထက်၊ ဝန်းမြောင်ရံပြီး၊ မင်းသမီးတည့်၊
ဖြင်းညီးပည်းသိပ်၊ ရှစ်သောင်းထိပ်ကို၊ နင်းနှိပ်ထွတ်တည်၊ စံမည်ကိုသာ၊
အောက်မေ့ပါတော့၊ ဟေမာမည်မှတ်၊ ဂိရိထွတ်သို့၊ ဖြူမွတ်ဝင်းကြည်၊ ပြန်ဦးမည်ကို၊
အခြည်မြွက်မျှ၊ မိန့်ဟသာချို၊ မဆိုပါနှင့်၊ ချမ်းသာသင့်၏၊ မြနှင့်-စံရွှေ၊
လင်နှင့်-နေသို့၊ မကွေတူကွ၊ ဥက္ကံသဝယ်၊ တင့်လှရွှန်းပျို၊ စံမည်ကိုလည်း၊
ကျွန်အိုခုလျှင်၊ မသေခင်က၊ သာရွှင်ဝမ်းသာ၊ မြင်ချင်ပါသည်။ ။ သေချာဖြောင့်စင်း ငြိတွယ်ကင်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment