သူဇာပျို့
၂၂။ သို့ဖြစ်၍ဆို၊ ငါ့ကိုအချင်၊ ဘသခင်သို၊ ခေါ်ငင်သာပျော်၊
ပို့ဆက်သော်လည်း၊ စိတ်တော်မခြိုက်၊ မကြိုက်ချေဘူး၊ စူးစူးမှန်၏၊
သို့ဖြစ်သည့်ကြောင့်၊ ဖျော်ဖြည့်မေတ္တာ၊ ကြင်နာလေးမြတ်၊ ငါ့ကိုလွှတ်၍၊
အထွတ်မြင့်မှာ၊ မြတ်ရာရာကို၊ ဘွေရှာအရ၊ ရှာလုံ့လ၍၊ ညွတ်ပျပျောင်းပျော့၊ ဆက်ပါလော့ဟု၊
ချော့မော့သံချို၊ မိန့်ဟဆိုသော်၊ သန်ကိုယ်စွမ်းဟုန်၊ ဂဠုန်နဂါး၊ ခြင်္သေ့ကျားကို၊
လေးစားမမူ၊ ခွေးသာယူသည်၊ ကြီးထူဗလ၊ မူဆိုးကလည်း၊ မင်းလှအရှင်၊ သို့စင်ကဲမိုး၊
ဘုန်းတန်းခိုးနှင့်၊ တူရိုးမထင်၊ ဖြစ်လျက်ပင်ကို၊ ထွတ်တင်မြင့်ညှာ၊ အာကာသဇိုဝ်း၊
မြတ်မျိုးဘုန်းထူး၊ မှုတ်ချေဘူးဟု၊ ညံ့နူးပျံ့ကြူ၊ မိန့်တော်မူသော်၊
လွယ်ကူချမ်းသာ၊ ဘယ်ကြောင်းချာဖြင့်၊ အာကာမိုးဝ၊ပျံ့နှိုင်ရဟု၊ ညွတ်ခသာလျောက်၊
မူဆိုးလျောက်၏၊ လျှံတောက်ဝင်းဝါ၊ ရွှေတောင်သာဝယ်၊ ကိန္နရာမျိုး၊ စဉ်ရိုးနွယ်မြစ်၊
တို့အဖြစ်ကား၊ စင်စစ်မချွတ်၊ အတတ်ပညာ၊ ကျေးဇူးပါသည်၊ တန်ဆာရောင်ချက်၊
သည်ဘယက်ကြောင့်၊ အထက်အာကာ၊ ပျံနိုင်ပါရှင့်၊ တန်ဆာရောင်ထင်၊ သည်မဆင်က၊
ကောင်ကင်မြင့်ဖြူး၊ ပျံနိုင်ဘူးဟု၊ စူးစူးပင်ကို၊ ဟုတ်တိုင်းဆိုသည်။ ။ သံချိုပျံ့ညင်း တော်ဖြောင့်စင်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment