ဝတ္ထု ဝေဖန်ရေး



ဝတ္ထု ဝေဖန်ရေး

           ဝတ္ထုတစ်ပုဒ်ကို ဖတ်နေပါတယ် ။ စိတ်ရှည်ရှည်ထားပြီး သက်ပြင်းခဏခဏချကာ ဖတ်နေပါတယ် ။
တ်လမ်းက အချစ်အကြောင်းပဲ ဖြစ်မှာပါ ။ စာရေးဆရာက သူ့ဇာတ်ကောင်တွေကို ဘယ်လိုအသက်သွင်းပြီး ဘာစကားလုံးတွေ ပြောခိုင်းမလဲဆိုတာ အကဲခတ်ရင်း ဖတ်နေပါတယ် ။ ပြီးတော့   ဖြစ်နိုင်တာတွေ မဖြစ်နိုင်တာတွေ ဘေးဖယ်ထားပြီး စာရေးသူက ဘယ်လို ဖောရှောလုပ်ချင်လို့ ဒီလိုစာတွေရေးနေတာပဲ ဆိုတာ သိအောင် လုပ်နေပါတယ် ။

အမှန်တကယ် ဖတ်ချင်တာက တစ်ထောင့်တစ်ညပုံပြင်များ ၊ လေရူးသုန်သုန် ၊ စုံထောက်မောင်စံရှား ဝတ္ထုတွေ ဖြစ်တယ် ။ အခုတော့ အပျင်းပြေ ကွန်ပျူတာထဲ ရှိတဲ့ ebook တွေကို လျှောက်ဖတ်နေပါတယ် ။
လူတိုင်းမှာ သူငယ်ချင်း မိတ်ဆွေ ရှိတတ်ပါတယ် ။ အဲဒ သူငယ်ချင်းတွေဟာ ဝတ္ထုထဲမှာဆိုရင် ဇာတ်ပို့ နေရာက သရုပ်ဆောင် ရလေ့ရှိတယ် ။ စာရေးသူတို့ လက်မှာ remote control ရှိတယ် ၊ သူတို့ အလိုအတိုင်း ရစ်မလား ၊ ကျော်မလား ရတယ် ။ ဇာတ်ပို့ကို ပို့ပေးတဲ့ စကားလုံးတွေ အများကြီး ပြောခွင့်   ပေးထားတယ်ဆိုရင် သူက Dialogue ထဲမှာ ထည့်ပြောမှာဖြစ်တယ် ။
သို့မဟုတ် စာရေးသူက ဇာတ်ပို့ကို မသုံးချင်ဘူးဆိုရင် သူ့ဘာသာ စာပိုဒ်တွေထဲမှာ စကားပြောဟန် ၊ ဘယ်သူကပြောမှန်း အတိအကျ ထည့်မရေးတတ်ပါဘူး ။ ဇာတ်လိုက်မင်းသားက ပြောနေသလိုလို ၊ သဘာဝတရားကြီးရဲ့ အမှန်တရားတစ်ခု လိုလို ရေးတတ်ကြပါတယ် ။ အမှန်က စာအုပ်တစ်အုပ်လုံး ကို ရေးတဲ့သူက စာရေးသူပဲ ဖြစ်လို့ ဇာတ်ကောင်တွေ မင်းသား
မင်းသမီး ဇာတ်ပို့  လူကြီး မိဘ                         စတဲ့အားလုံး ပြောဆိုကြတဲ့ စကားတွေဟာစာရေးသူရဲ့ အာဘော်ပဲ ဖြစ်တယ် ။

မိန်းမ နဲ့ ယောက်ျားဆိုတာ သဘာဝချင်း တူတာမဟုတ်ဘူး ။ အဲဒီတော့ သူတို့ ရဲ့ အကြိုက်တွေ တူတယ် ၊ မတူဘူး ဆိုတာ အရေး မကြီးပါဘူး ။ ယောက်ျားက ဆေးလိပ် ၊ အရက်ကို ကြိုက်နှစ်သက်ကြပြီး မိန်းမက အချဉ် ၊ ရေမွှေးကို နှစ်သက်ကြတယ် မဟုတ်လား ။စာရေးဆရာလုပ်ချင်တဲ့ သူများကို တစ်ခုမှာချင်ပါတယ် ။ ဇာတ်ကောင်တွေ ပြောတဲ့ စကားလုံးတွေကို ရေးမယ် ဆိုရင် အသံထွက်ဖတ် စေချင်ပါတယ် ။
စာကို မျက်စိနဲ့ ဖတ်တယ် ဆိုပေမယ့် နားဝင်ချိုဖို့လည်း လိုပါတယ် ။

ကောင်လေးတစ်ယောက်က ကောင်မလေးထံမှ အချစ်ကို ရရှိဖို့ ကြိုးစားတဲ့အခါမျိုး ၊ ကောင်လေးကို    ကောင်မလေးက စိတ်ဝင်စားမ ရှိလား ၊ မရှိဘူးလား သိချင်တဲ့အခါမျိုးမှာ အောင်သွယ်တွေဟာ အရေးကြီးတဲ့ နေရာမှာ ရှိတတ်ကြတယ် ။ကျွန်တော့်အကြိုက်အရ ပြောရမယ် ဆိုရင်  ချစ်သူဆီမှ အချစ်ကို ရရှိဖို့ ကိုယ့်ဘာသာပဲ ကြိုးစားစေချင်ပါတယ် ။ သူငယ်ချင်း ဖြစ်သူကလည်း ကြိုက်နေလို့ သို့မဟုတ် မိမိမှာ ရောဂါရှိလို့ သေတော့မှာ မို့လို့ ကိုယ်ချစ်နေတဲ့ကောင်မလေး
ရဲ့ အချစ်ကို သူများအတွက် ရရှိအောင် ကြိုးစားပေးတာမျိုး အဲဒလို ဇာတ်လမ်းမျိုး ကြည့်ဖူးမှာပါ ။
သာက်ပေါ ဇတ်လမ်းများလို့ပဲ ယူဆပါတယ် ။ သဘဝလွန် စိတ်ကူးယဉ်မပါပဲ ။

ကောင်မလေးတွေကလည်း ချစ်သူကို အဖြေ လွယ်လွယ် မပေးတတ်ကြဘူး မဟုတ်လား ။
ဒီနေ့တွေ့ မနက်ဖြန် ချစ်တယ်လို့ ပြော တဘက်ခါ ချစ်သူတွေ ဖြစ်သွား … အရမ်းပေါတယ်နော် ။
သမီး မိန်းကလေး ဆိုတာ အများစုက သူတို့ရဲ့ ချစ်သူအကြောင်း အိမ်က သိသွားမှာ စိတ်ပူတတ်ကြတယ် ။
ချစ်သူရှိတာ အိမ်က သိပြီ ဆိုရင်လည်း လက်ထပ်ဖို့ကို မိဘတွေ နဲ့ တိုင်ပင်လေ့ ရှိတယ်လေ ။

ကျောင်းပြီးတာနဲ့ လက်ထပ်ကြတော့မယ် ဟုတ်လား ။ ကျောင်းပြီးရင် အလုပ်ဝင်လုပ်မယ် ၊ ပိုက်ဆံစုမယ် ။
ပြီးမှ မိန်းမယူမယ် မပြောဘူး ။ တော်တော် အားကျဖို့ ကောင်းပါလား ။ ကြီးပွားတိုးတက်ဦးမယ် ။

ဇာတ်လမ်း တစ်ပုဒ်မှာ မင်းသား နဲ့ မင်းသမီး ချစ်ကြိုက်လေသတည်း ဆို ပြီးပြီ ။ ဒါပေမယ့်
ဇာတ်လမ်းက ဆုံးသွားပြီလေ ။ ဇာတ်လမ်းဆက်ချင်သေးတယ်ဆိုရင် သူတို့အချစ်ကို နှောင့်ယှက်ရမယ် ။
ဖျက်စီးမယ့်သူ ပေါ်လာရမယ် ။ ending with climax ပေါ့ဗျာ ။ Climax မှာ falling action နဲ့
rising action နှစ်ခု ရှိတယ် ။ တက်ချင်တက် မတက်ချင်ရင် ကျခိုင်းလိုက်ပေါ့ ။
များသောအားဖြင့် ဒီရေတွေလိုပဲ တက်ပြီး ကျသွားခြင်းဖြင့် ဇာတ်လမ်းအဆုံးသတ်လေ့ ရှိပါတယ် ။

ဝတ္ထုရေးတတ်တဲ့သူများဟာ သူများရေးထားတဲ့ ဝတ္ထုကို ဖတ်တဲ့အခါမှာ သာမန် စာဖတ်သူနဲ့ မတူပါဘူး ။
ရှုဒေါင့်ပြောင်းသွားတယ် ဆိုပါတော့ ။ သာမန် စာဖတ်သူများကတော့ စာဖတ်ပြီးနောက် လွမ်းစရာဆိုရင်
လွမ်းမယ် ၊ ပျော်စရာဆိုရင် ပျော်လိုက်မယ် ၊ ဒီလောက်ပဲ ခံစားတတ်ပါတယ် ။
ဝတ္ထုရေးတတ်တဲ့ သူများကတော့ သူများရေးထားတဲ့ Dialogue ကို လေ့လာတယ် ။
သဘာဝကျ ၊ မကျပေါ့ ။ အဖွဲ့အနွဲ့ကို ကြည့်တယ် ။ သူဘယ်လို ရေးဖွဲ့သလဲ ၊ ပိုသွားလား ၊ လိုနေလားပေါ့ ။
ဝတ္ထုဆိုတာ ခံစားရသည်များကို ရေးဖွဲ့ကြသည် လို့ ပြောသော်လည်း ကျွန်တော်ကတော့ ငွေကုန် လူပန်း
မဖြစ်စေချင်လို့ သုတ ရသ နှစ်မျိုးလုံး ရောသမမွေထားခြင်းမျိုးကို ကြိုက်နှစ်သက်ပါတယ် ။
နောက်ဆုံး ဇာတ်လိုက် တစ်ယောက်၏ အရည်အချင်းတွေကို လေ့လာပါတယ် ။
လူတော်လား ၊ လူပေါလား ၊ လူချော်လား ပေါ့ ။

ဝတ္ထုတွေမှာ ကောင်းခြင်း အမျိုးမျိုး ရှိတတ်ကြပါတယ် ။ ထူးခြားဆန်းကြယ် အံ့ဖွယ်မို့လို့ တစ်မျိုး ။   ပျော်ရွှင်ရယ်မော ရီရလို့ တစ်မျိုး ။ စုံထောက်ဝတ္ထုလို သိချင်စိတ်များပြီး ဥာဏ်ကစားရလို့ တစ်မျိုး ။   တောအကြောင်း တောင်အကြောင်း အရေးကောင်းလို့ ခရီးသွားချင် လာချင်တာက တစ်မျိုး ။ ။

Credit:

https://nitikiti.wordpress.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း