ဘ၀သင်ခန်းစာ(၃၆)

ဘ၀သင်ခန်းစာ(၃၆)

                 တစ်ခါက ဆရာတစ်ယောက်သည် စာရွက်လွတ်တစ်ရွက်ပေါ်တွင် စက်ဝိုင်းပုံအနက်ဝိုင်းလေးကို အလည်တည့်တည့်တွင် ကော်နှင့်ကပ်လိုက်သည်။ ထို့နောက် သင်ပုန်းပေါ်တွင် ထိုစာရွက်ကို ကပ်လိုက် သည်။ရှေ့ဆုံးခုံတွင် ထိုင်နေသည့် ကျောင်းသူတစ်ဦးအား မေးလိုက်သည်။
" ကဲ တပည့်ရေ ညည်းမြင်တာလေး ဆရာ့ကို ပြောပြပါ "
ကျောင်းသူလေးက ချက်ခြင်းပဲ ဖြေလိုက်တယ်။
" အနက်ရောင် စက်ဝိုင်းတစ်ခုပါ ဆရာ... "
ဆရာက ထိုင်ခိုင်းလိုက်ပြီး ခပ်လှမ်းလှမ်းမှ ကျောင်းသားတစ်ယောက်ကို မေးပြန်သည်။
" စက်ဝိုင်းနက်လေးပါ ဆရာ..."
ဆရာက နောက်ဆုံးခုံတွင် ထိုင်နေသည့် ကျောင်းသားကို ထိုမေးခွန်းကိုပင် ထပ်မေးသည်။
" အနက်စက်လေး တစ်စက်ပါ ဆရာ..."
" ကဲ တပည့်တို့ ဆရာ ရှေ့ဆုံးမှာထိုင်တဲ့ တပည့်ကနေ နောက်ဆုံးခုံမှာထိုင်တဲ့တပည့်ထိ ဘာမြင်သလဲဆိုတဲ့မေးခွန်းကိုပဲ မေးခဲ့တယ်။ အားလုံးကြားပြီးတဲ့အတိုင်း အြေ ဖတွေကတော့ အတူတူပါပဲ။ ကဲတပည့်တို့ ဘလက်ဘုတ်ပေါ်မှာ ကပ်ထားတဲ့ စာရွက်ဖြူကြီးကိုကျ မမြင်ကြပဲ ဘာ့ကြောင့် အနက်စက်လေးကိုပဲ မြင်နေကြသလဲ၊ တကယ်ဆို အနက်ရောင်ခြယ်ထားတဲ့ စက်ဝိုင်းလေးက သေးသေးလေးပဲ မဟုတ်လား..."


မူလရေးသားသူအား Credit:

(PS: ကျွန်တော်တို့ ပေါင်းသင်းဆက်ဆံနေရတဲ့ လူတွေအပေါ် ဘယ်လိုကြည့်သလဲဆိုတာ ဒီပုံပြင်လေးရဲ့ အဖြေပါ...)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း