စာဖတ်ခြင်း အနုပညာ




စာဖတ်ခြင်း အနုပညာ

                စာဖတ်များတဲ့ သူတွေမှာ သတ်ပုံမှားခြင်း ၊ သဒ္ဒါမှားခြင်းမျိုးတွေ့ရခဲပါတယ် ။ စာရေးမယ့်သူတွေ ဟာ စာအုပ်ပေါင်းတစ်ထောင်ခန့်လောက်ကို ဖတ်ဖူးရမယ်လို့ အကြံပေးထားပါတယ် ။
ဂျာနယ် ၊ မဂ္ဂဇင်း ၊ ဝတ္ထုတွေကို ဖတ်ရပါမယ် ။ စာဖတ်များလေ စာအရေးအသား ကောင်းလာလေ ၊ စကားလုံးကြွယ်ဝမှု တိုးလာလေပါပဲ ။ အင်္ဂလိပ်ဘာသာစကားကို လေ့လာမယ်ဆိုရင်လည်း ဖတ်လို့လွယ်ကူမယ့် အင်္ဂလိပ်ဝတ္ထုတွေကို များများဖတ်ပါ ။

စာဖတ်ခြင်းဟာ ဆားခတ်ထားတဲ့ ဟင်းချိုကို သောက်ရသလိုမျိုးပါပဲ ။ဟင်းချိုသောက်သော်လည်း ဆားလည်း ပါဝင်နေပါတယ် ။ ကျွန်တော်တို့စာဖတ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ မသိစိတ်က ဝါကျတည်ဆောက်ပုံ သဒ္ဒါ စာလုံးပေါင်း သတ်ပုံတွေကို လေ့လာမှတ်သားနေပါတယ် ။ ကျွန်တော်တို့
ကိုယ်တိုင် မသိပေမယ့် ကျွန်တော်တို့ရဲ့ ဦးနှောက်က အလုပ်လုပ်နေပါတယ် ။
ဒါဟာ အကောင်းဆုံးသော သင်ယူမှုတစ်ခု ဖြစ်တယ် ။ ပြီးတော့အရမ်းလွယ်ကူတယ်လေ ။
မြန်မာလိုပဲ ရေးရေး ၊ အင်္ဂလိပ်လိုပဲ ရေးရေး ၊ စာအုပ်တွေတော့ ဖတ်ရမှာပဲ ။အက်ဆေး ၊ ဆောင်းပါး ၊ ဝတ္ထုတွေ အများကြီး ဖတ်ရပါမယ် ။ နေ့တိုင်းဖတ်သင့်ပါတယ် ။ ဒီလို စာဖတ်တဲ့ အခါမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ၊ကိုယ်စိတ်ဝင်စားတဲ့ ပုံပြင် ၊ ဇတ်လမ်း ၊ သတင်းအချက်အလက်တွေ ဖြစ်ရပါမယ် ။
စာကောင်းကောင်း ရေးတတ်ချင်တယ်ဆိုရင် စာရေးကောင်းတဲ့သူတွေ ရေးထားတဲ့
စာအုပ်တွေကို ဖတ်ရမှာပေါ့ ။ မဟုတ်ဘူးလား ။ ဝါကျတစ်ကြောင်းကို ဘယ်လိုကောင်းမွန်အောင် ရေးရင် ကောင်းမလဲလို့ စဉ်းစားနေလား ။ စာပုဒ် တစ်ပုဒ်ကို ဘယ်လို အဆုံးသတ်မလဲ ။ ဇတ်လမ်းကောင်းတစ်ပုဒ်ကို ဘယ်လို ပြောမလဲ ။ သဒ္ဒါစာအုပ်တွေကို သွားဖတ်မနေပါနဲ့ ၊ ပျင်းစရာကောင်းပါတယ် ။ Subject နဲ့ Verb တွေအကြောင်း ကျွန်တော် စိတ်မဝင်စားဘူး ။
စည်းကမ်းတို့ ဝါကျတို့ စကားလုံးတို့ စတာတွေ အားလုံးဟာ စာအုပ်ထဲမှာ ရှိတယ် ။
စာအုပ်ပေါင်း များစွာကို ဖတ်ရှုခြင်းဖြင့် အရမ်းကောင်းတဲ့ စာတွေကို ရေးနိုင်လာပါလိမ့်မယ် ။
ကျွန်တော်တို့ လိုချင်တဲ့ ကျွမ်းကျင်မှုတွေဟာ စာအုပ်တွေထဲမှာ ရှိတတ်တယ် ။
နိုင်ငံခြားဘာသာစကားတစ်ခုကို လူတွေ ဘယ်လို လေ့လာတယ် ၊ ဝေါဟာရတွေ ၊
သဒ္ဒါတွေကို ဘယ်လို တတ်မြောက်ခဲ့တယ် ၊ ပြောင်မြောက်တဲ့ စာတွေကို ဘယ်လိုရေးနိုင်ခဲ့တယ် စတာတွေကို သုတေသန လုပ်ကြည့်တဲ့အခါမှာ အရေးအကြီးဆုံး
method တစ်ခုကို တွေ့ရှိခဲ့ကြပါတယ် ။ အဲဒိ နည်းလမ်းကတော့ စာဖတ်ခြင်းပဲဖြစ်တယ် ။
အင်္ဂလိပ်စာ ဖတ်တဲ့အခါမှာ လွယ်ကူတဲ့ စာတွေကို အပျော်တန်းပဲ ဖတ်ပါ ။စကားလုံးတွေကို ကျက်မှတ်နေရင် မေ့သွားမှာပဲ ။ သဒ္ဒါစည်းကမ်းတွေကိုလေ့လာနေရင် ပျင်းစရာကြီး ။ ကိုယ့်ရဲ့ နားလည်နိုင်မှု အရည်အချင်းကိုပဲစစ်ဆေးဖို့ လိုပါတယ် ။ စာရေးကောင်းခြင်းဆိုတာ စာဖတ်ကောင်းခြင်းက
လာတယ် ။ စာဖတ်မများဘဲနဲ့ စာရေးကောင်းတဲ့သူ မဖြစ်နိုင်ပါဘူး ။

Read to increase your knowledge , your background ,
Read to lead … read to grow !

https://nitikiti.wordpress.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း