Literary Architecture


Literary Architecture

              Columbia University တစ်ခုမှာ Literary Architecture လို့ခေါ်တဲ့ စာပေဗိသုကာ workshop
တစ်ခု ပြုလုပ်ပါတယ် ။ ထိုဟောပြောပွဲကို အနုပညာရှင် အတတ်ပညာရှင် အတွေးအခေါ်ပညာရှင်တွေ
တတ်ရောက်ကြပါတယ် ။ စာရေးသားခြင်းကို လေ့လာနေသော ကျောင်းသားတွေဟာ
literary စာပေ ကနေ သို့မဟုတ် texts စာသားကနေ Architectural Models ဗိသုကာပုံစံငယ်လေးတွေ အဖြစ်ဖန်တီးနိုင်ဖို့ ကြိုးစားနေကြပါတယ် ။

လွန်ခဲ့တဲ့ လေးနှစ်လောက်က စပြီး ဒီအတွေးအခေါ်ဟာ New York ရှိ Writing School တွေဆီ
ပျံ့နှံ့သွာခဲ့ပါတယ် ။ ဒီအကြံအစည်ဟာ ထူးဆန်းတယ် စိတ်ဝင်စားဖို့ ကောင်းတယ် ဆိုတာ
သူတို့ လက်ခံကြပါတယ် ။ project အတွက် ကိုယ်ကြိုက်နှစ်သက်တဲ့ စာသားဟာ အဓိက မကျဘဲ
author’s text စာရေးသူရဲ့ စာသားကိုပဲ ကိုးကားကြဖို့ အကြံပြုကြပါတယ် ။
ကျောင်းသားတွေဟာ မူရင်းစာသားအတိုင်း လုံးစေ့ပတ်စေ့ တထပ်တည်းကျအောင် ပြုလုပ်စရာ မလိုပါဘူး ။
ဒါဟာ Literary , not literal လို့ ပြောပါတယ် ။ ကျောင်းသားတွေဟာ အခြေခံကောင်းမွန်ပြီး
ဖွဲ့စည်းတည်ဆောက်လို့ ရမယ့် ပုံစံငယ်မျိုးကို တည်ဆောက်ရပါမယ် ။
ဆောက်လုပ်ရေး လုပ်ငန်းတိုင်းမှာ ဒီဇိုင်း ၊ သယ်ယူပို့ဆောင်ရေး ၊ တည်ဆောက်မှု ၊ နေရာလွတ်များ ၊
ကြိုတင်တွက်ချက်မှု စတဲ့ များပြားလှတဲ့ ideas များ ရှိပါတယ် ။ စာပေရေးသားမှုမှာလည်း ထိုကဲ့သို့ပင် ဖြစ်တယ် ။
Architectural design တို့ရဲ့ အခြေခံသဘောတရားတွေကို အသုံးပြုပြီး literary strectures အဖြစ် ဘယ်လို
ပုံဖော်ရေးဆွဲမလဲ ။ နေရာလွတ် ဟင်းလင်းပြင်ဆိုတာ ဘာလဲ ၊ ဘယ်လိုလုပ်မလဲ ။ ငြိမ်းချမ်းခြင်း ၊ ဝမ်းနည်းခြင်း
စကားလုံးတွေကို ဗိသုကာဝေါဟာရတွေအဖြစ် အသုံးပြုလို့ ရလား ။ နေရာလွတ်တွေကို ဘာလို့ ဖန်တီးယူမလဲ ၊
အဲဒါတွေဟာ ဇတ်ကောင်တွေလား ။ အဲဒိ spaces နဲ့ ဇတ်ကောင် စရိုက်လက္ခဏာတွေ အကြားမှာ အဆက်အသွယ်ဆိုတာ ရှိလား ။
ကျောင်းသားတွေဟာ စာအုပ်တွေ ၊ ဝတ္ထုတို ၊ ဝတ္ထုရှည်တွေ ဖတ်ရပါတယ် ။
စာသားတွေကို ခွဲခြားစိတ်ဖြာရပါတယ် ။ စာပေဖွဲ့စည်းပုံကို အာရုံစိုက်ရပါတယ် ။
ဇတ်လမ်းဟာ သစ်ပင်အကြောင်းဆိုရင် သစ်ရွက်တွေက စကားပြောမှာဖြစ်ပါတယ် ။
လိုအပ်ရင် ဒီဇိုင်းကို မျက်ဝါးထင်ထင် မြင်နိုင်စေရန် sketches ပုံကြမ်းရေးဆွဲနိုင်ပါတယ် ။
ထိုကဲ့သို့ လုပ်ခြင်းအားဖြင့် စာသားတွေကို အဆောက်အအုံ အိမ်ပုံစံငယ်တွေ အဖြစ် ဘာသာပြန်နိုင်မှာ ဖြစ်တယ် ။
ကျောင်းမှ teaching assistants တွေဟာလည်း final models ရရှီရန်အတွက် အကူအညီ ပေးကြပါတယ် ။
ကျောင်းသားတွေဟာ designe တွေ structure တွေနဲ့ အမှန်တကယ် architectural project ကြီးတစ်ခုကို
အကောင်အထည် ဖော်နေကြတာပါ ။
Design နဲ့ Model Making အတွေ့အကြုံ ရှိဖို့ မလိုအပ်ပါဘူး ။ အဓိကရည်ရွယ်ချက်က text စာသားကို အထူးဂရုစိုက်ရမှာ
ဖြစ်ပြီး ဗိသုကာတစ်ခုအဖြစ် တည်ဆောက်လို့ရမယ့် အနှစ်သာရကို ထုတ်ဖောပြသ ရမှာ ဖြစ်ပါတယ် ။
နောက်ဆုံးမှာ ကျောင်းသားတွေဟာ သူတို့ရဲ့ architectural model နဲ့ ပတ်သက်ပြီး short essay တစ်ခုကို
သူတို့ အသုံးပြုတဲ့ စာသားနဲ့ အတူ သူ့ရဲ့ ရှုထောင့်မှ ပြန်ရေးခိုင်းပါတယ် ။ ဒီနည်းတွေဟာ School of the Arts
လို့ ခေါ်တဲ့ နိုင်ငံတကာ ကျောင်းတွေမှာ Architectural Project တွေအတွက် အသုံးပြုကြပါတယ် ။
စာပေဟာ အဆောက်အအုံ ဖြစ်တယ် ၊ အိမ်ဖြစ်တယ် ၊ တံတား ဖြစ်တယ် ။
လမ်းမကြီးလည်း ဖြစ်နိုင်ပါတယ် ။

Credit:
https://nitikiti.wordpress.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း