အနုပညာရဲ့သဘော

အနုပညာရဲ့သဘော

                  အနုပညာရဲ့သဘောမှာ Incantationဆိုတာရှိတယ်။
ဒါရဲ့ မူရင်းအဓိပ္ပါယ် ကတော့ ဂါထာ၊ မန္တန်ကို ခေါ်တာပါ။ အနုပညာမှာကျတော့ စိတ်အခြေခံအလိုက် ယူလိုရာယူ အံဝင်ခွင်ကျရှိနေတဲ့ သဘောပါ။

သည်အရည်အသွေးဟာ ကဗျာနဲ့ ပန်းချီမှာပဲရှိတယ်။ အခြားအရာတွေမှာ အားနည်းတယ်။
ဥပမာ ပန်းချီကားတစ်ချပ် ဆိုပါတော့။ တံလျှပ်အရောင် တဖြတ်ဖြတ်ထနေအောင် ရေးထားတယ်။ ဒါပေမယ့် ကြည့်သူတစ်ဦးတစ်ယောက်က သည်လိုမြင်ကွင်းမျိုးမှ လွတ်လပ်ကျယ်လွင့်တယ်လို့ ထင်တာမျိုး။
ကဗျာမှာလည်း သည်အတိုင်းပဲ။
ဆိုပါတော့ ကဗျာတစ်ပုဒ်။
''မိုးရေတက်ရေ တဖွေးဖွေး၊ ကွင်းကျယ်အဝေးဝေး''
သည်ကဗျာကို ''လယ်စောင့်တဲ''လို့ အမည်ပေးခဲ့လို့ ကလေးကဗျာ ဖြစ်လာတာ။
တကယ်လို့သာ ''မိသားစု''လို့ အမည်ပေးလိုက်ရင်၊ ''ဧကစာ''လို့ အမည်ပေးလိုက်ရင် လူကြီးတွေ တွေးစရာအများကြီးပါတဲ့ ကဗျာဖြစ်လာမှာ။
ဒါကြောင့် ကဗျာမှာ focusပြောင်းသွားရင်၊ point of viewပြောင်းသွားရင်၊ ချဉ်းကပ်ပုံ ပြောင်းသွားရင် အနက်သက်ရောက်မှုနယ်ပယ်လည်း ပြောင်းသွားမယ်။
သည်လို ရှုထောင့်အမျိုးမျိုးကနေ အသွင်အမျိုးမျိုး ကွဲထွက်နေတဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေမှာ ဘယ်ဟာကိုမှ လုံးဝမှားပါတယ်လို့ ပြတ်ပြတ်သားသား မဆိုနိုင်ပြန်ဘူး။
ဘာကြောင့်လဲ။ သူအမြင်ဟာ သူ့ရင်အစစ် ဖြစ်နေလို့။
သူ့ရင်ထဲက ခံစားချက်ကို သူကလွဲလို့ ဘယ်သူကမှ သူ့လောက်နားမလည်ကြဘူးလေ။
အဲဒါက Incantation(မန္တန်ပမာစွမ်းရည်)ပါပဲ။

Credit:Pi Soe Zan

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း