လောကသာရပျို့
၃၂။ "မာသုကုဇ္စျိ မဟာရာဇ၊ မာသုကုဇ္စျိ ရထေသဘ"၊
သမ္ဗုဒ္ဓလျှင်၊ ဆုံးမဟောကြား၊ ဤတရားကို၊ မှတ်သားလည်းပြု၊ သည်းခံမှုဖြင့်၊ ပြည်သူ့ခမည်း၊
မျက်တော်နည်းလော့၊ ချုပ်တည်းအမျက်၊ ထွက်လည်းမပြင်း၊ လူခပင်းကား၊ မင်းကိုဟူက၊ လောင်ပူရဲရဲ၊
မီးကျီးခဲသို့၊ ဝမ်းထဲချဲ့ချဲ့၊ အမျက်မဲ့လည်း၊ တုန်လှဲ့သည်းချာ၊ ကြောက်လန့်ရှာ၏၊ ပြင်းစွာအမျက်၊
ထွက်တပြီးကာ၊ ကြက်သီးထ၀ှန်၊ ဦးဖျားမွန်မျှ၊ အလွန်အကျူး၊ ကြောက်မိန်းမူးလိမ့်၊ ဆူးဆူးရားရား၊
အမျက်အားကို၊ တရားချုပ်ကိုင်၊ မဆည်နိုင်လည်း၊ စိတ်ခိုင်တည်တံ့၊ ဆင်ခြင်ငံ့၍၊ မဝံ့နှစ်ဆစ်၊
ကြိမ်ဘန်စစ်လျက်၊ အပြစ်အလျောက်၊ သုံးကြိမ်မြောက်မှ၊ သေလောက်လျော်ဘေး၊ မင်းဒဏ်ပေးလည်း၊
ကွပ်ရေး မမှားစေနှင့်မင်း။
စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်
ကဗျာအမျိုးအစား - ပျို့
ခေတ် - အင်းဝခေတ်
Comments
Post a Comment