လောကသာရပျို့
၃၄။ သမ္ဘာရင့်ဖြိုး၊ ရှေးကောင်းကျိုးကြောင့်၊ တန်ခိုးထွက်လျှံ၊ လူထိပ်စံသား၊ ဘုန်းချွံရန်နည်၊ မင်းတို့သည်ကား၊ အရှည်ရေးရာ၊ မြင်နိုင်စွာသည်၊ လိမ်မာတတ်သိ၊ ပညာရှိကို၊ ပီတိချစ်ပြင်း၊ နှလုံးသွင်း၍၊ ဆိုတွင်းထွက်သံ၊ နားပါးခံလျှက်၊ ထုံးစံနည်းနာ၊ တိုင်ပင်ရာ၏၊ ဉာဏ်ဝါကွန့်မြူး၊ ဂုဏ်ဖြင့်ထူးသား၊ ကျေးဇူးရောင်ညှိ၊ ပညာရှိနှင့်၊ ပြည်ကြီ့းသေဌီနင်း၊ ပြည့်ရှင်မင်းတို့၊ မကင်းစေရာ၊ ဥပမာကား၊ ရတနာကျောက်ဂူ၊ နန္ဒမူ၌၊ မဉ္ဇူပန်းသား၊ ကျော်ထင်ရှားလျက်၊ နှစ်ပါးပေါင်းဘက်၊ အကျိုးနဂ်အံ့၊ ထမ်းရွက်ပြုစု၊ ပြည်ထဲမှုကြောင့်၊ စေ့ငုမြင်ပြီး၊ ပညာကြီးကို၊ နည်းတီးထုံးရေး၊ ပုံစံသွေး၍၊ ကျင့်ရေး လွန်စိတ်ပြားစေမင်း။
စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်
ကဗျာအမျိုးအစား - ပျို့
ခေတ် - အင်းဝခေတ်
Comments
Post a Comment