သူဇာပျို့

သူဇာပျို့

၃၂။ မ-ရှင်ထိပ်မှာ၊ တင်စရာသည်၊ သည်းချာရွှေဥ၊ မယ်ပုလုငယ်၊ ဘယ်ပြုသို့စင်၊ မ-ကြီးရှင်ကို၊ မကြင်သာထွေ၊ သွားရလေသည်၊ ထင်ရည်ပျော်ပါး၊ ရင်ခွင်ထား၍၊ ညံ့တွားပန်းနှယ်၊ ပါးနုနယ်ကို၊ ညာဘယ်ယုယ၊ မနမ်းရသည်၊ ကြာလှပြီရှင်၊ လွမ်းအင်ကြီးစွာ၊ ထိန်ဝါလောင်နီး၊ ဝီစိမီးသို့၊ ညီးညီးရဲရဲ၊ မိဝမ်းထဲမှာ၊ တောက်စွဲမွှေနှည်၊ လောင်ခဲ့သည်ကို၊ ရွှေရည်ရွှေဥ၊ ရွှေဆင်းတုနှယ်၊ မယ်ပုသည်းချာ၊ ခုကြွလာ၍၊ ချမ်းသာဖျော်ဖြည့်၊ ပေးပါလှည့်လော့၊ ရွှေမှည့်ရတနာ၊ မိသည်းချာကို၊ သိင်္ဂါပြောင်ရွှန်း၊ ကျောက်စီနန်းမှာ၊ ရံဝန်းအုပ်တွေ၊ များခြွေရွေနှင့်၊ သွားလေရာရာ၊ ကြမ်းမှာလွှမ်းဖုံး၊ လဲလုံးသိင်္ဂီ၊ ဗုဇွန်ဆီတည့်၊ ထပ်စီရောင်လင်း၊ အပြည့်ခင်းသော်၊ ဖြူဝင်းနုရွ၊ ခြေတော်လှကို၊ ရှခဲ့နိုးနိုး၊ မိမင်းစိုး၍၊ ပန်းအိုးနီတျာ၊ နတ်ဂွမ်းဝါကို၊ ကြိမ်ခါများလွန်၊ ပြန်ပြန်ဆွံနစ်၊ ဖန့်ဖန်ဖျစ်၍၊ သစ်သစ်ရှေ့က၊ ခင်းစေရ၏၊ ယုယပန်းနှယ်၊ ပျံ့ကြွယ်မွေးကြည်၊ ငါးမွေးသည်ကို၊ ထူးမည်ဖြစ်လား၊ မြေဝယ်သွား၍၊ ဘဝါးနုနယ်၊ ဘယ့်နှယ်ခြင်းရာ၊ ဖြစ်ပါလိမ့်နည်း၊ ပေါင်းစည်းလုံခြုံ၊ ချစ်မျိုးပုံသည်၊ ချစ်ကုံထူးဆန်း၊ မိထိပ်ပန်းကို၊ သိန်း,သန်း,သင်္ချေ၊ တွက်ရေမရ၊ မကကောင်းကင်၊ မ-ရှင်လွမ်းမျိုး၊ မောက်မိုးလျှံ၍၊ ခွေ့ခွေ့မိန်းမော၊ ခြောက်ချက်ဇောသည်။ ။ လတ်လေသေလှူ ပြီကိုကား

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း