သူဇာပျို့

သူဇာပျို့

၃၄။ သည်ကားအစ၊ များလှထွေထွေ၊ စေ့ရသံချို၊ ဘွဲ့နွဲ့ငိုလျက်၊ ပျို,အိုသောင်းသောင်း၊ နတ်ပေါင်းညီညာ၊ လိုက်ကြရာတွင်၊ မွှေးစွာသင်းထုံ၊ စံပယ်ချုံဝယ်၊ ငါးစုံညီအင်၊ မင်းရှင်ရွှေသား၊ တင်ခဲ့ထားသည်၊ ပတ္တမြားရောင်မြူး၊ လက်ကောက်ကျူးကို၊ ပြာဖြူးလျှံဝေ၊ မြင်ကြလေသော်၊ အေ အေသည်မှာ၊ ထိပ်ချာထိပ်ရွက်၊ တို့သက်သခင်၊ ထားခဲ့တင်၏၊ လျှပ်သွင်ထွန်းပေါ်၊ လက်ကောက်တော်ဟု၊ ဟစ်ကြော်ပျာလာ၊ စီကျာအုတ်ကျက်၊ ယူကြဆက်သော်၊ စုံမက်ပြင်းလှ၊ ဒေဝမီတာ၊ ထွတ်တောင်ညာကား၊ ထိပ်မှာရွက်တင်၊ မမြင်မြောက်တောင်၊ မူးမှောင်မှိုင်းမိုက်၊ ခုခုရှိုက်၏၊ ကျိုက်ကျိုက်သောင်းသောင်း၊ အပေါင်းများစွာ၊ နတ်တကာလည်း၊ ခုသာသွားသည်, ဖြစ်မည်ထင်၏၊ ရှာကြည့်ညီညာ၊ လိုက်ပါကြလား၊ နတ်မင်းများဟု၊ မြှောက်စားသံချို၊ ချီးပင့်ဆိုလျက်၊ ထိုထိုကောင်းကင်၊ မြေပြင်မလပ်၊ ဆင့်ထပ်ခြေရာ၊ ပြန်ကာကာလျှင်၊ ထိပ်ချာထိပ်ချာ၊ ဖြူဝါနုဝင်း၊ ထိပ်နှင်းထိပ်နှင်း၊ ရောင်ဆင်းနုရွှန်း၊ ထိပ်ပန်းထိပ်ပန်း၊ စံကျွန်းဘက်ရှား၊ ထိပ်ထားထိပ်ထား၊ တို့ဘုရားဟု၊ ဖန်များခေါ်ဆို၊ ငိုသည်အသံ၊ ကျံကျံအုတ်ကျက်၊ ထပ်ရှက်ပဲ့တင်၊ ကောင်းကင်မိုးမြေ၊ ဆူဝေပတ်ချုပ်၊ ထိန့်ထိန့်လှုပ်မျှ၊ လိုက်လေကြသည။ ။ ဒေသဓွန့်ရှည် မြေဝေးတည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း