လောကသာရပျို့
၃၁။ ကာမဒေဝ၊ စသည်အပြား၊ နတ်လေးပါးတွင်၊ တစ်ပါးမည်မှတ်၊ လောကနတ်ဟု၊ လူ့ထွတ်ဦးစွန်း၊ ဘုန်းတော်ထွန်းသား၊ လျှံဝန်းစိုးပိုက်၊ မင်းသို့လိုက်၍၊ ပြည်၌ပြည်သူ၊ မင်းမတူလျှင်၊ ကျင့်မူမလွဲ၊ သုံးစွဲလေ့လာ၊ ကျင့်ကုန်ရာရှင့်၊ ရာဇပြဋ္ဌာန်း၊ ကြငှန်းမှန်ကင်း၊ မကြောင်းရင်းကား၊ မင်းလျှင်တစ်ယောက်၊ လှံမစောက်ဖြင့်၊ မကောက်မယွန်း၊ တော်ဖြောင့်တန်းက၊ ထက်ဝန်းဗိုလ်ပါ၊ လူတကာလည်း၊ ညီညာကောင်းမွန်၊ မင်းအဟန်သို့၊ တော်မှန်ကျင့်မှု၊ နှလုံးပြုလျက်၊ ပြည့်သူမျက်ပွင့်၊ ကောင်းအောင်ကျင့်လော့၊ ပုံသင့်ကျမ်းလာ၊ ဥပမာကား၊ အရာအထောင်၊ နွားကုန်အောင်တွင်၊ ရှေ့ဆောင်နွားလား၊ ဖြောင့်ဖြောင့်သွားမူ၊ နွားများစဉ်စိုက်၊ ဖြောင့်ဖြောင့်လိုက်သို့၊ စရိုက်ကျင့်မူ၊ ခပ်သိမ်းလူတို့၊ ထို့တူလည်းကောင်း၊ ဖြစ်ရာရှောင်းသည်၊ မင်းကောင်းတော်ဖြောင့် မှန်စေမင်း။
စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်
ကဗျာအမျိုးအစား - ပျို့
ခေတ် - အင်းဝခေတ်
Comments
Post a Comment