သူဇာပျို့

သူဇာပျို့

၃၃။ စာလည်းလျှာမှာ၊ တင်ကာခဏ၊ ကြေညက်မွသည်၊ လွန်လှရသာ၊ နတ်သုဒ္ဓါကို၊ ကောင်းရာရွေးမှ၊ မရနိုးထင်၊ သီးနင်ခဲ့နိုး၊ စိုးမိသည်ကြောင့်၊ မ-ရှင့်စောင့်လျက်၊ စုံမက်ယုယ၊ ကျွေးနကြကို၊ ကြမ်းလှယုတ်မာ၊ လူစားရာကို၊ သည်းချာရင်သွေး၊ ငါသာမွေးသည်၊ မယ်ထွေးနုထွား၊ ဘယ့်နှယ်ဝါး၍၊ စားပါလိမ့်နည်း၊ စက်လည်းယဉ်နု၊ ဝေဠုရိယ၊ ဖထိုင်မြထက်၊ လှိုင်ပျမာလာ၊ စက်မွေ့ရာမူ၊ ညံ့စွာကျူကျော်၊ ယင်နားသော်လည်း၊ မာချော်မခံ့၊ ကြံ့ကြံ့မတည်၊ အိသည်ကိုမျှ၊ မယ်လှနာမည်၊ စိုးရိမ်သည်ကြောင့်၊ သာကြည်စုံမက်၊ မိရင်ထက်ဝယ်၊ နှစ်သက်ပျံ့ပျူး၊ စက်စေဘူးရှင့်၊ လွန်ကျူးခဲလှော်၊ ခုသည်သော်ကား၊ ကြမ်းချော်မာတာ၊ လူ့အိမ်ရာကို၊ ရနတာပုလဲ၊ မိလည်ရွှဲသည်၊ ရွှေခဲဘယ်သို့၊ နှစ်မြို့စက်ခေါ်၊ ပျော်ပါလိမ့်မည်၊ ဖြင်ပည်းလောက၊ အနန္တကို၊ နေကျရှုကြည့်၊ ချမ်းသာဖြည့်သည်၊ ဘုန်းပြည့်မဟာ၊ ဗြဟ္မာလာ၍၊ ချမ်းသာငြိမ်းဆေး၊ တို့ကိုပေးလော့၊ ရှိမ်ပြေးမီးတောက်၊ မောက်မောက် မြင်ခေါင်၊ အလွမ်းတောင်တိ၊ ထိန့်အောင်လိမ့်လည်၊ ကြိတ်ဘိသည်ကို၊ ရွှေရည်သည်းကြား၊ မိထိပ်ထားသည်၊ ရွှေသားရွှေမှည့်၊ မြင်ပါလှည့်လော့၊ မြည့်မြည့်ပရမာ၊ မြူ့နှယ်သာလျင်၊ သည်းချာပေါင်းရုံး၊ တကိုယ်လုံးပင်။ ။ ညက်ဆုံးကျလှု ပြီကိုကား

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း