သတိရတဲ့အကြောင်း

သတိရတဲ့အကြောင်း

မြစ်ကမ်းဘေး

ငါရပ်ငေးတော့

လွင့်ဝဲသွားတဲ့ ဆံနွယ်ကြားက

ဘေးတိုက်မြင်ရတဲ့ မင်းမျက်နှာ

ငါငေးဖူးတာ သတိရတယ်။

အိပ်ခန်းပြတင်းဖွင့်

မြင်နေရတဲ့ကောင်းကင်

ရွေ့နေတဲ့ တိမ်တွေကြားက

ပြောခဲ့ဖူးတဲ့ မင်းရဲ့စကား

ကြားယောင်မိကာ သတိရတယ်။

ကော်ဖီဆိုင်ထိုင်တိုင်း

သီချင်းတွေနားထောင်တိုင်း

မိုးတွေညို့တိုင်း

တိမ်တွေအိုက်တိုင်း

နှစ်သစ်ကူးတိုင်း

မွေးနေ့ရောက်တိုင်း

(Valentine Day) ရောက်တိုင်း

ငါ......

နင့်ကို.....

သတိရတယ်...။


ရှဥ့်ညိုလေး

https://shintnyolay.blogspot.com

(၉.၁ဝ.၂ဝ၁၇ နံနက် ၁၁းဝ၂ မိနစ်)


Comments