ကျွန်တော့်ရဲ့ ကော်ဖီ


ကျွန်တော့်ရဲ့ ကော်ဖီ

သူပြုံးနေတော့
ကျွန်တော် ပျော်ခဲ့တယ်...
ကျွန်တော် ပျော်နေတော့
သူ မပြုံးတော့ဘူး...
ခုတော့ သူပြုံးနေပြီ
ဒါပေမယ့် ကျွန်တော်မပျော်ဘူး
သူ့အပြုံးထဲမှာ
သူ့မျက်လုံးထဲမှာ
နာကျင်ခြင်း သုံးစိပ်နဲ့
ဟန်ဆောင်ခြင်း တစ်စိပ်
ရောမွှေထားတယ်
ကဲ... ခု ကျွန်တော်ဘယ်လိုသောက်ရမလဲ...။

ရှဥ့်ညိုလေး
(၁၇.၅.၂၀၁၆)

 

Comments