ရက်စက်ရာရောက်သွားမယ်

ရက်စက်ရာရောက်သွားမယ်

          မနေ့က ကျွန်တော်နဲ့ သားကြီးကောင်းဇေယျာလင်းနဲ့ စကားပြောဖြစ်တယ်။ သားကြီးက မိဘခိုင်းရင် မငြူစူဘူး။ ကောင်းကောင်းလုပ်ပေးတယ်။ ဖြစ်သလို မလုပ်ဘူး။ အငယ်ကောင် သားငယ် ကောင်းသုတကျ ခိုင်းလိုက်ရင် ငြူစူတယ်။ မလိမ့်တစ်ပတ်နဲ့ ရှောင်ပြေးတတ်တယ်။ သူစိတ်ကြည်တဲ့အခါဆို တစ်ခုခုခိုင်းသံကြားရင် အပြေးအလွှားသွားလုပ်တယ်။ သားကြီးတောင် လုလုပ်ရတယ်။ မနေ့က ကျွန်တော် စာရိုက်နေတုန်း သားကြီးက ရေတစ်ခွက်လာတိုက်တယ်။ ဒါနဲ့ ဆုပေးလိုက်ရင်း သားကြီးကို မေးလိုက်တယ်။

          “ သားကြီး…သားက ဖေဖေတို့ခိုင်းလိုက်ရင် အမြဲတမ်း ကောင်းကောင်းမွန်မွန်လုပ်ပေးတယ်၊ ဘာလုပ်လုပ် စေတနာပါတာ ဖေဖေသိတယ်။ ဖေဖေနားမလည်တာက သားက သားညီလေးကို ဘာလို့ ဘောင်အတွင်းက ညစ်တာတုန်း၊ သားညစ်တာကို ဖေဖေသိတယ်နော်…”

          သားက ရယ်ပြီးပြန်ပြောတယ်။

          “ ဟာ ဖေဖေကလည်း သား ဘောင်အပြင်က ညစ်ရင် ရက်စက်ရာ ကျသွားမှာပေါ့ ”

တဲ့။ ကျွန်တော် နည်းနည်းတော့ ဆွံ့အသွားတယ်။ ကလေးတစ်ယောက်တောင် ဘောင်အတွင်းက ညစ်ရမှာသိနေရင် ကျွန်တော်တို့ရဲ့ လူကြီးမင်းတေကွ ကျွန်တော်တို့အပေါ် ရက်စက်ရာရောက်မှာစိုးလို့များ ……။ အဲဒီနေ့က ကျွန်တော့်အတွေးတွေ နည်းနည်းရှည်သွားတယ်။

ရှဥ့်ညိုလေး

(29.9.2020 10:21am)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း