မျက်နှာဖုံး

မျက်နှာဖုံး

ကမ္ဘာမြေအတွက်
တစ်စင်းထဲရှိတဲ့လ
မှောင်တစ်ချီ လင်းတစ်လှည့်နဲ့
မျက်နှာနှစ်ခု ဖွင့်ခဲ့တယ်။

ငါ့ဘ၀ရဲ့ လမင်း
လတစ်စင်းဖြစ်ခဲ့တဲ့နင်
မှောင်မလိုနဲ့ လင်း
လင်းမလိုနဲ့ မှောင်
ပြုံးသလိုနဲ့ မဲ့
ရွဲ့သလိုနဲ့ စောင်းခဲ့တော့
ငါ့အပေါ်မှာ
ချစ်ချင်ယောင်ဆောင်ပြီး မုန်း
သူ့အပေါ်မှာတော့
မုန်းချင်ယောင်ဆောင်ပြီး ချစ်လို့
ပျော်မယ်ထင်တဲ့ အိပ်မက်တွေအတွက်
အကြိမ်ကြိမ်ခွာချခဲ့ရ 
တောင်ပုံနေတဲ့ မျက်နှာဖုံးကြား
နင်ပျော်ပါရဲ့လား
ပြီးတော့
ငါပျော်နေမယ် ထင်သလား...။


ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း