ချစ်လို့ပြောတယ် မှတ်ပါ ကိုဖြိုးမောင်...


ချစ်လို့ပြောတယ် မှတ်ပါ ကိုဖြိုးမောင်...

မိန်းမယူပါ
အနိမ့်ဆုံးတော့ မင်္ဂလာဆောင်ဖူးသွားပါလိမ့်မယ်
ထို့နောက်
သင်ဟာ အလှအပဆိုတာကို
အမှန်တရားမဟုတ်ဘူးလို့ သိမြင်လာပါလိမ့်မယ်
စကားနားထောင်နိုင်စွမ်းရည် မြင့်မားလာပါလိမ့်မယ်
( တစ်ဖက်ကပြောသမျှစကားကို အချိန်ကြာမြင့်စွာ နားထောင်လာနိုင်ပါလိမ့်မယ် )
အလုပ်တွေများစွာကို တချိန်တည်း လုပ်နိုင်စွမ်းတွေ မြင့်မားလာပါလိမ့်မယ်
( ထမင်းအိုးတည်ရင်း ကလေးပုခက်လွဲ တပြိုင်တည်းမှာပဲ ကန်စွန်းရွက်ခြွေနိုင်လာတာမျိုး )
လစာထုတ်ရက်နှင့် လစာမထုတ်မီအချိန်၏
ပြောင်းလဲခြင်း ကြီးကြီးမားမားကို သဘောပေါက်လာပါလိမ့်မယ်
ရွှေဈေးအတက်အကျ
အထည်အသစ်အဆန်းနဲ့ အလှကုန်ပစ္စည်းများကို သင်အလွတ်မှတ်မိလာပါလိမ့်မယ်
အိမ်အပြင်ဟာ အရမ်းပျော်စရာကောင်းပါလားလို့ ခံစားမိလာပါလိမ့်မယ်
ငါဘာလို့ မိန်းမယူဖို့စဉ်းစားမိခဲ့တာလဲလို့
ညတိုင်း ပြန်တွေးဖြစ်ပါလိမ့်မယ်
နောက်ဆုံး
ကလေးအနှီးလျှော်တတ်လာပါလိမ့်မယ်
ဆပ်ပြာမှုန့် အကောင်းဆုံးနဲ့အပေါဆုံးတံဆိပ်ကိုသိလာပါလိမ့်မယ်
နို့ဗူးဖျော်တတ်လာပါလိမ့်မယ်
ကလေးထိန်းတတ်လာပါလိမ့်မယ်
ထမင်းပွဲပြင်ပေးတတ်လာပါလိမ့်မယ်
အိမ်ပြန်ချိန်စောစောပြန်တတ်လာပါလိမ့်မယ်
ဟင်းကောင်းကောင်းချက်တတ်လာပါလိမ့်မယ်
ထမင်းချိုင့် စနစ်တကျထည့်ပေးတတ်လာပါလိမ့်မယ်
ပေါ ၊ ချောင် ၊ ကောင်း ပစ္စည်းများကို သိရှိလွယ်ပါလိမ့်မယ်
လူတစ်ယောက်ဟာ စက်ရုပ်တစ်ရုပ်ထက်
ပိုမိုအလုပ်လုပ်နိုင်ပါလားဆိုတာ ခံစားသိရှိလာပါလိမ့်မယ်
မိန်းမယူပါ
ထိုအရာတွေကို မိန်းမမယူရင်
သင်တတ်မြောက်နိုင်ဖို့ မလွယ်ပါဘူး
မိန်းမယူရင်တော့ တစ်နှစ်အတွင်းမှာတင် အကုန်လုံးတတ်မြောက်သွားနိုင်ပါတယ် ။

Credit:ကို လင်း ( Ko Lynn )
(PS: အထက်ပါ စာတွေကို ရေးတဲ့ ကိုလင်း(Ko Lynn) က ဘာဖြစ်လို့များ အဖြစ်မှန်တွေထက် လျော့ရေးပါလိမ့်ဆိုတာ စဉ်းစားလို့ကို မရဘူး...။ ဟုတ်ကဲ့ ကျွန်တော်က ထူးအောင်ဝင့်ပါ...)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း